9/15/2015

♪ Huawei က စွမ်းဆောင်ရည်မြင့် Mate S ကို ကြေညာ ♫


Huawei က စွမ်းဆောင်ရည်မြင့် Mate S ကို ကြေညာလိုက်ပါသည်။ အရောင်လေးမျိုးနှင့် အမျိုးအစား သုံးခုထုတ်လုပ်ပေးထားပါသည်။ Mate S တွင် ၅.၅ လက်မ Full HD Display တပ်ဆင်ထားပြီး 2.5D Corning Gorilla Glass 4 ဖြင့် ဖုံးအုပ်ကာကွယ်ထားသည့်အတွက် ခြစ်ရာများနှင့် ထိခိုက်မှုများကို ခံနိုင်ရည်ရှိပါသည်။ မျက်နှာပြင်အထက်တွင် 8MP Camera တပ်ဆင်ထားပါသည်။

2.2GHz Cortex-A53 Processor လေးလုံးနှင့် 1.5GHz Processor လေးလုံးပါသော HiSilicon Kirin 935 SoC , 3GB RAM တပ်ဆင်ထားပါသည်။ Standard Model တွင် 32GB Storage ၊ Premium Model တွင် 64GB နှင့် Forch Touch Model တွင် 128GB တို့ပါရှိပါသည်။ Android 5.1.1 ကို Huawei EMUI V 3.1 နှင့် ပေါင်းစပ်ထားပါသည်။ Forch Touch Model တွင် ဖိအားကို အာရုံခံနိုင်သော မျက်နှာပြင်နည်းပညာပါရှိပြီး စွမ်းဆောင်ချက်များစွာကို အသုံးပြုနိုင်ပါသည်။

အနောက်ဘက် ကိုယ်ထည်ကို ကွေးညွှတ်ဒီဇိုင်းပြုလုပ်ထားပါသည်။ အစွန်းနှစ်ဖက်၏ အထူမှာ ၂.၆၅ မီလီမီတာသာရှိပြီး အလယ်ပိုင်းတွင် ၇.၂ မီလီမီတာ အထူရှိပါသည်။ ဖုန်းကို အလွန်ပါးလွှာသော အလွှာတစ်ထပ်ဖြင့် ကာကွယ်ထားသည့်အတွက် ချွေးနှင့် မိုးရေစက်များကို ခံနိုင်ရည်ရှိသည်ဟု ကုမ္ပဏီက ပြောသော်လည်း IP စံနှုန်းသတ်မှတ်ချက်မရှိသည့်အတွက် ရေစိုခံခြင်းမရှိပါ။ SIM Slot နှစ်ခုပါသော်လည်း တစ်ခုကို microSD Card နှင့် မျှဝေ အသုံးပြုရမည် ဖြစ်သည်။ SIM Slot နှစ်ခုစလုံးတွင် 4G LTE ကိုထောက်ပံ့ပါသည်။

အနောက်ဘက်တွင် 13MP Camera တပ်ဆင်ထားပြီး 4 Color RGBW Imaging Sensor နှင့် Optical Image Stabilization နည်းပညာများပါရှိပါသည်။ အနောက်ဘက်ကင်မရာကို LED Flash နှစ်ခုနှင့် တွဲဖက် တပ်ဆင်ထားပါသည်။ ကင်မရာအောက်ဘက်တွင် Fingerprint Sensor တပ်ဆင်ထားပြီး ဖုန်းကို Unlock ပြုလုပ်နိုင်ခြင်း၊ Selfie ရိုက်ကူးဖို့နှင့် ဖုန်းခေါ်ဆိုမှုများကို တစ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သော Gestures များကို အသုံးပြုနိုင်မည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com