9/01/2015

♪ Huawei က ၁၈၀ ဒီဂရီ လှည့်ပတ်နိုင်သော ကင်မရာတပ်ဆင်ထားသည့် Honor 7i ကို မိတ်ဆက် ♫

http://cdn.idigitaltimes.com/sites/idigitaltimes.com/files/2015/06/30/huawei-honor-7-1-840x472.jpg

Huawei က စွမ်းဆောင်ရည်သင့် Honor 7i ကို မိတ်ဆက်လိုက်ပြီး ထူးခြားချက်မှာ ၁၈၀ ဒီဂရီ လှည့်ပတ်နိုင်သော ကင်မရာတပ်ဆင်ထားခြင်းဖြစ်ပါသည်။ ကင်မရာကို ဖုန်း၏ အနောက်ဘက်တွင် တပ်ဆင်ထားသော်လည်း Rotating Camera ဖြစ်သည့်အတွက် Selfie ရိုက်ကူးရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။

စမတ်ဖုန်းအများစုတွင် Video Call နှင့် Selfie ဓါတ်ပုံများအတွက် Resolution နည်းသော ကင်မရာကို အရှေ့ဘက်တွင် တပ်ဆင်ပေးလေ့ရှိပါသည်။ အချို့ဖုန်းအသစ်များတွင် Resolution မြင့်မားသော Front Camera များကို ဆန်းသစ်တပ်ဆင်၍ ရောင်းချနေကြပါသည်။ Huawei Honor 7i တွင် Sony ၏ 13MP Camera ကို တပ်ဆင်ပေးထားပါသည်။

Huawei က Camera Module ကို အကြမ်းခံစေရန် ပြုလုပ်ပေးထားပြီး အလွန်အကျွံအသုံးပြုလျှင် နှစ်နှစ် အသုံးခံသည်ဟု ပြောပါသည်။ Oppo က N1 စမတ်ဖုန်းတွင် Rotating Camera ကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။

Honor 7i တွင် ၅.၂ လက်မ 1080p Display , Octa-Core Qualcomm Snapdragon 616 Processor တပ်ဆင်ထားပါသည်။ 16 or 32GB Storage အပေါ်မူတည်၍ 2GB or 3GB RAM ရွေးချယ်နိုင်ပါသည်။ 3100mAh Battery ပါရှိပါသည်။ Fingerprint Sensor ကို ဖုန်း၏ ဘေးဘက်တွင် ထည့်သွင်းထားပါသည်။
Honor 7i ၏ 16GB အမျိုးအစားကို ဒေါ်လာ ၂၅၀ ၊ 32GB အမျိုးအစားကို ဒေါ်လာ ၃၀၀ ဖြင့် တရုတ်တွင် သတ်မှတ်ထားပါသည်။ နိုင်ငံတကာတွင် ရောင်းချမည့် အမျိုးအစားသည် ဒေါ်လာ ၃၀၀ မှ ၄၀၀ အတွင်း တန်ကြေးရှိမည် ဖြစ်သည်။

Credit to ==>Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com