9/04/2015

♪ “Huawei က Honor 7 ကိုဥရောပတွင် ရောင်းချ” ♫


Huawei က Honor 7 စမတ်ဖုန်းကိုဥရောပမှာ တရားဝင် ရောင်းချ ပေးလိုက်ပါတယ်။ အဆိုပါ ဟန်းဆက်ကိုဥရောပအတွက် အသစ် ပြုလုပ် ထားတဲ့ Huawei ရဲ့ အွန်လိုင်းအရောင်းဆိုင်မှာ ၀ယ်ယူနိုင်ပါပြီ။

UK, France, Germany, Portugal, Belgium, Netherlands, Spain, Italy, Switzerland နိုင်ငံများကနေ ၀ယ်ယူနိုင်ပါပြီ။ ယူရို ၉၉.၉၉ သို့မဟုတ် စတာလင်ပေါင် ၆၉.၉၉ ထက်ပိုဝယ်ယူသူများကို အခမဲ့ ပို့ဆောင်ပေးနေပါတယ်။ လက်ရှိမှာ Honor 7 အပြင် အခြားဟန်းဆက်များကိုလည်းဥရောပအွန်လိုင်းစတိုး ကနေရွေးချယ်နိုင်ပါတယ်။

သာမန်ဈေးနှုန်းမှာစတာလင်ပေါင် ၂၄၉.၉၉ ဖြစ်သော်လည်း သြဂုတ်လ ၃၁ ရက်နေ့မတိုင်မီ Coupon Code H7BRAVE40UK ဖြင့် ၀ယ်ယူလျှင် ဒေါ်လာ ၂၀၉.၉၉ ဖြင့် ၀ယ်ယူနိုင်မှာ ဖြစ်ပြီးစတာလင်ပေါင် ၄၀ သက်သာမှာ ဖြစ်ပါတယ်။

ဗြိတိန်မဟုတ်တဲ့ နိုင်ငံ များမှာတော့ ယူရို ၃၄၉.၉၉ ကျသင့်မှာဖြစ်ပြီးယခုလမကုန်ခင် Coupon Code H7BRAVE50EU ဖြင့် ၀ယ်ယူလျှင် ယူရို ၅၀ သက်သာမှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Credit to ==> Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com