9/05/2015

Facebook ၏ WhatsApp ကို လစဉ် အသုံးပြုသူ သန်း ၉၀၀ ကျော်ရှိလာ





Messaging app ဖြစ်သော WhatsApp သည် ပိုမိုနာမည်ကျော်ကြားလာပြီး လစဉ်သုံးစွဲသူဦးရေမှာလည်း မြင့်တက်လာခဲ့သည်။

Facebook ပိုင်ဆိုင်သော WhatsApp ကို လစဉ်သုံးစွဲသူ ဦးရေသည် သန်း ၉၀၀ ကျော်ရှိလာခဲ့ကြောင်း WhatsApp အမှုဆောင်အရာရှိချုပ် ဂျန်ကိုရန်က Facebook ပို့စ် တစ်ခုဖြင့် ရေးသား ပြောကြားခဲ့သည်။ WhatsApp ကို သုံးစွဲသူသည် ဧပြီလက သန်း ၈၀၀ ရှိရာမှ သန်း ၁၀၀ ခန့် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ တိုးတက်မှုနှုန်းမှာ တစ်နှစ် အတွင်း ၅၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

ပြီးခဲ့သည့်နှစ်က Facebook မှ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် WhatsApp ၏ တိုးတက်မှုနှုန်းမှာ တစ်သမတ်တည်း ရှိခဲ့သည်။ အဆိုပါ ဝန်ဆောင်မှုကို သုံးစွဲသူဦးရေသည် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် သန်း ၆၀၀ ရှိရာမှ ယခုနှစ်အစပိုင်းတွင် သန်း ၇၀၀ အထိ မြင့်တက်ခဲ့သည်။ WhatsApp သုံးစွဲသူ အရေအတွက်သည် လစဉ်သုံးစွဲသူ ၁.၄၄ ဘီလီယံရှိသော Facebook နှင့် အလွန်ကွာခြားနေသော်လည်း သုံးစွဲသူ ၃၁၆ သန်းရှိသော Twitter ထက် သုံးဆနီးပါး ရှိလာခဲ့သည်။

သို့ရာတွင် WhatsApp သုံးစွဲသူ ဦးရေသည် မိခင်ကုမ္ပဏီ Faecebook ၏ messaging app သုံးစွဲသူထက် သာလွန်ခဲ့သည်။ Facebook ၏ messaging app ကို သုံးစွဲသူ ဦးရေမှာ သန်း ၇၀၀ ဖြစ်ကြောင်း ကုမ္ပဏီက ဇွန်လတွင် ကြေညာခဲ့သည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download