9/02/2015

♪ Asus က 256GB ZenFone 2 Deluxe Special Edition ကို ပြသ ♫

1

Asus က Specifications များ ကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်သည့် 256GB ZenFone 2 Deluxe Special Edition ကို ပြသလိုက်ပါသည်။ အဆိုပါ ဖုန်းသည် Asus ZenFone 2 ကို အခြေခံပြီး ထုတ်လုပ် ထားခြင်းဖြစ်ပြီး အဓိက ကွာခြားချက်မှာ 256GB Storage ပါရှိလာခြင်း ဖြစ်ပါသည်။

256GB ZenFone 2 Deluxe Special Edition သည် Specification အပိုင်းတွင် မူလ ZenFone 2 နှင့် များစွာကွာခြားခြင်းမရှိပါ။ 256GB ZenFone 2 Deluxe Special Edition တွင် ၅.၅ လက်မ 1920×1080 Display တပ်ဆင်ထားပါသည်။ 4GB RAM, 2.5GHz 64-bit Intel Atom Z3580 Processor ထည့်သွင်းထားပါသည်။ 256GB Internal Storage ပါရှိသော်လည်း microSD Slot မပါရှိပါ။ အနောက်ဘက်တွင် 13MP နှင့် မျက်နှာချင်းဆိုင်တွင် 5MP Camera များပါရှိပါသည်။

Dual-SIM Phone ဖြစ်ပြီး WiFi 802.11 a/b/g/n, Bluetooth 4.0, GPS, 3G HSPA+ , 4G LTE တို့ ပါရှိပါသည်။ 3000mAh Battery ပါရှိပြီး Android 5.0 Lollipop မောင်းနှင်မည် ဖြစ်သည်။ Deluxe Special Edition အတွက် Black/Red နှင့် White/Red Cases များ ထုတ်လုပ်ပေးထားပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com