9/05/2015

♪ 90,000 Ks သာရှိတဲ့ “AOTO P9007” ♫


AOTO တံဆိပ်ဟန်းဆက်များကို ရန်ကုန်၊ မန္တလေးမြို့ကြီးများ၏ အရောင်း ဆိုင်အတော်များများ တွင် တွေ့မြင်နိုင်ပြီး သုံးစွဲသူများနှင့် ကာလတစ်ခု အထိရင်းနှီးကျွမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ဈေးနှုန်းချိုသာပြီး အရည်အသွေး ကောင်းမွန်သည့် ဟန်းဆက်များကိုလူတန်းစားမျိုးစုံလွယ်ကူစွာရွေးချယ် ၀ယ်ယူနိုင်စေဖို့ ထုတ်လုပ်ရောင်းချပေးထားကြပါတယ်။

AOTO ရဲ့ အချို့ ဟန်းဆက်တွေဟာ မော်ဒယ်နံပါတ်ကွဲပြားပေမယ့် အရည်အသွေးများ ကတော့ အချို့နေရာများတွင် တူညီကြပါတယ်။ ဈေှးနှုန်းသင့်တင့်ပြီး သုံးစွဲလို့အဆင်ပြေစေမယ့် အရည် အသွေးကောင်းမွန်သည့် AOTO ရဲ့ ဟန်းဆက်တစ်လုံးကတော့ P9007 ဖြစ်ပါတယ်။ P9007 ရဲ့ ဒီဇိုင်းဟာ လေးထောင့်ကျတဲ့ အသွင်သဏ္ဌာန်ရှိပါတယ်။ Power Button နဲ့ အသံ အတိုးအကျယ် ခလုတ် ဟာ ဖုန်းရဲ့ဘေးဘက်တွင် အထက်အောက် တည်ရှိပါတယ်။ သုံးစွဲနိုင်မယ့် network အထောက်အပံ့ ကတော့ GSM နဲ့ WCDMA ဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းက 5 inches ရှိခြင်းကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါတွင် မြင်ကွင်းပိုင်းနဲ့ပတ်သက်၍ အဆင်ပြေစေပါလိမ့်မယ်။

အဓိကကင်မရာဟာ 5 MP စွမ်းရည်ရှိပြီး၊ Flash စနစ်နဲ့တွဲဖက်သုံးစွဲနိုင် မှာဖြစ်ကာ အပျော်တမ်း ဓာတ်ပုံများကို ရိုက်ကူး နိုင်ပါလိမ့်မယ်။ အရှေ့ဘက် တွင် တပ်ဆင်ပေးထားသော ကင်မရာ၏ စွမ်းရည်ကတော့ 2MP ဖြစ်ပါတယ်။ Wifi, GPS စနစ်များကို သုံးစွဲနိုင်မှာဖြစ်ပြီး၊ Sensor စနစ်များဖြစ်သော Light Sensor, Gravity Sensor နဲ့ Proximity Sensor တို့ကိုလည်းထည့်သွင်း ပေးထားပါတယ်။ အခြားစနစ်များဖြစ်သော WAV, MP3, MIDI, AAC, APE, MP2, AMR,FLAC, Oggvorbis စသည်တို့လည်းပါရှိပါတယ်။

မှတ်ဥာဏ် ပမာဏအပိုင်းတွင် RAM ကို 512MB ထည့်သွင်းပေးထားပြီး၊ ROM ကတော့ 4GB ပါရှိပါတယ်။ အချက်အလက်အများအပြားသိမ်းဆည်းချင်သူများ အတွက် လည်းမှတ်ဥာဏ်ပမာဏကို ချဲ့ထွင်အသုံးပြုနိုင် ပါမယ်။ CPU ရဲ့ စွမ်းရည်ကတော့ Quad Core 1.2GHz ဖြစ်ပြီး၊ အာမခံသက်တမ်းအနေဖြင့် တစ်နှစ်ပေးထားပါတယ်။

<Specification>
Network - GSM/WCDMA
Screen - 5 inches
Memory - up to 32 GB
Bluetooth - Yes
Camera - 5 MP
OS - Android OS
Contact - 09-450505050
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com