7/24/2015

♪ Samsung Galaxy A8 ကိုတရုတ်တွင် ဒေါ်လာ ၅၁၅ ဖြင့် ရောင်းမည် ♫



Samsung က ဇူလိုင်လ ၁၅ ရက်နေ့မှာ Galaxy A8 ကိုကြေညာခဲ့ပေမယ့် ဈေးနှုန်း ကိုတော့ ပြောကြားခြင်းမရှိခဲ့ပါဘူး။ ယခုအခါမှာတော့ တရုတ်ဝက်ဆိုက် CNMO မှ ထွက်ပေါ်လာတဲ့ သတင်းအရ Galaxy A8 ရဲ့ 16GB Version ကိုဒေါ်လာ ၅၁၅ ( ယွမ် ၃၁၉၉) ၊ 32GB Version ကိုဒေါ်လာ ၅၆၄ ( ယွမ် ၃၄၉၉ ) ဖြင့် တရုတ်တွင် ယခုလနောက်ပိုင်းမှာရောင်းချပေးမယ်လို့ သိရပါတယ်။

Samsung က Galaxy A8 ကိုတစ်ကမ္ဘာလုံးမှာရောင်းချမယ့် အစီအစဉ်ကိုကြေညာခြင်းမရှိသေးပေမယ့် Samsung က အနှေးနဲ့ အမြန် တစ်ကမ္ဘာလုံးမှာရောင်းချမယ်လို့ ကျွမ်းကျင်သူများကသုံးသပ်ပါတယ်။ Galaxy A8 ဟာအထူ ၅.၉ မီလီမီတာသာရှိတဲ့ Samsung ရဲ့ အပါးလွှာဆုံးစမတ်ဖုန်း ဖြစ်ပါတယ်။ 

Galaxy A8 မှာ ၅.၇ လက်မ 1080p Super AMOLED Display တပ်ဆင်ထားပြီးတစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၈၆ ဖြစ်ပါတယ်။ 1.5GHz 64-bit Octa-Core CPU တပ်ဆင်ထားတဲ့ Qualcomm Snapdragon 615 Chipset, Adreno 405 GPU, 2GB RAM, 16 or 32GB Storage, microSD Card Slot တို့ ပါရှိပါတယ်။


အနောက်ဘက်မှာ 16MP ISOCELL Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ 3050mAh Battery ပါရှိပြီး Android 5.1 Lollipop ကို Samsung TouchWiz UI နဲ့ တွဲဖက်ထားပါတယ်။

Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com