7/24/2015

♪ Facebook က News Feed တွင် Music Video များထည့်သွင်းမည် ♫


Facebook က YouTube ကိုယှဉ်ပြိုင်ဖို့အတွက် News Feed မှာ Music Video တွေကိုထည့်သွင်းတော့မယ်လို့ New York Times က ရေးသားထားပါတယ်။ Facebook က အဓိက Music Video ထုတ်လုပ်သူများနဲ့ မကြာမီကလိုင်စင်နဲ့ ပတ်သက်၍ စကားပြောကြားခဲ့ပြီးပြီလို့ သတင်းစာကရေးသားထားပါတယ်။ 

အဆိုပါ ဆွေးနွေးမှုကိုဇွန်လတွင် The Information က စတင် ရေးသားခဲ့ခြင်းဖြစ်ပြီးအစောပိုင်းအဆင့်သာရှိသေးတယ်လို့ ပြောပါတယ်။ Facebook က လစဉ် အသုံးပြုသူ ၁.၄ သန်းရှိတဲ့ YouTube ကိုယှဉ်ပြိုင်ချင်နေတယ်ဆိုတာသေချာတယ်လို့ သတင်းများကဆိုပါတယ်။ 


“ Videoတွေဟာ Facebook အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ “ လို့ Facebook ရဲ့ COO ဖြစ်သူ Sheryl Sandberg က ဧပြီလမှာပြောကြားခဲ့ဖူးပါတယ်။ အဲဒီလထဲမှာပဲ Facebook ရဲ့ စီအီးအို Mark Zuckerberg က Facebook မှာနေ့စဉ် ဗီဒီယိုကြည့်ရှုမှုဟာ ၄ ဘီလီယမ်ရှိပြီးနေ့စဉ် ၃ ဘီလီယမ် ကြည့်ရှုမှုနှုန်းရှိခဲ့တဲ့ ဇန်န၀ါရီလကထက် ၃၀ ရာခိုင်နှုန်းပိုမိုတိုးတက်လာတယ်လို့ ပြောပါတယ်။ ဗီဒီယိုကြည့်ရှုမှုများရဲ့ ၇၅ ရာခိုင်နှုန်းဟာမိုဘိုင်းကိရိယာများကနေ ဖြစ်ပါတယ်။ 


ရုပ်ရှင်ထုတ်လုပ်သူများ၊ အစားအစာထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများနဲ့ အီလက်ထရောနစ် ပစ္စည်းများထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများလိုကုမ္ပဏီကြီးများဟာဗီဒီယိုကြော်ညာလုပ်ငန်းမှာ ပါဝင်နေကြပြီး ၁ ဘီလီယမ်ကဗီဒီယိုများကိုဖန်တီးနေကြပါတယ်။ 


ဒါ့ကြောင့်လည်း Facebook က ဗီဒီယိုကြော်ညာလုပ်ငန်းကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ Facebook က မတ်လ ၃၁ မှာအဆုံးသတ်ခဲ့တဲ့ ပထမဆုံးကွာတားမှာကြော်ညာလုပ်ငန်းမှ ၀င်ငွေ ၃.၃၂ ဘီလီယမ် ရရှိခဲ့ပြီး ၀င်ငွေရဲ့ ၇၃ ရာခိုင်နှုန်းဟာမိုဘိုင်းကိရိယာများမှ ကြော်ညာများကြောင့်လို့ ပြောပါတယ်။


Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com