7/17/2015

♪ Instagram တွင် Resolution မြင့်မားသော ဓါတ်ပုံများကို တင်နိုင်မည် ♫


ဓါတ်ပုံများ မျှဝေသည့် လူမှုကွန်ရက်တစ်ခုဖြစ်သည့် Instagram က သူ၏ Apps များတွင် ဓါတ်ပုံများ အရွယ်သေးငယ်ပြီး လျှင်မြန်စွာ ကြည့်နိုင်ရန်အတွက် ဓါတ်ပုံများကို ချုံ့လေ့ရှိပါသည်။ ယခုအခါ ကုမ္ပဏီက သူ၏ Apps များတွင် ဓါတ်ပုံအရည်အသွေးမြင့်မားစေရန် Resolution ကို မြှင့်တင်ပေးမည်ဟု ပြောပါသည်။

Instagram က Android နှင့် iOS Apps များတွင် 640x640 pixel resolution အစား 1080x1080 pixel resolution အထိတိုးမြှင့်ပေးမည်ဟု ပြောပါသည်။ ထို့အတွက်ဓါတ်ပုံများကို ပိုမိုထင်ရှားစွာမြင်ရမည်ဖြစ် သည်။ သို့သော် ဒေတာပမာဏပိုမိုကုန်ကျပြီး ဓါတ်ပုံများ ကြည့်လျှင် အနည်းငယ်နှေးကွေးမည်ဖြစ်သည်။

Instagram ကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မိုဘိုင်းဖုန်းများဖြင့် ဓါတ်ပုံရိုက်ကူးမျှဝေသည့် ယဉ်ကျေးမှု ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ထိုအချိန်တွင် အင်တာနက် အမြန်နှုန်းမှာ 3G ဆက်သွယ်မှု ကိုသာ အားပြုနေရသဖြင့် ဓါတ်ပုံများမှာ သေးငယ်ပြီး လျှင်မြန်စွာ Load ပြုလုပ်ရန် အရေးကြီးပါသည်။

သို့သော် ယခုခေတ်တွင် ဖုန်းများ၏ အရွယ်အစားမှာ ကြီးမားလာပြီး အရည်အသွေးမြင့် မျက်နှာပြင်များ တပ်ဆင်ထားသည့်အတွက် Resolution မြင့်မားသော ဓါတ်ပုံများကို ကြည့်ရှုလာနိုင်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com