7/17/2015

♪ Facebook တွင် Unfriend လုပ်သူကို ပြသပေးမည့် Apps များ ထွက်ပေါ် ♫


Who Deleted Me on Facebook သည် သင်၏ Facebook သူငယ်ချင်းများကို ခြေရာခံနိုင်သော Android နှင့် iOS အတွက် Apps များ ဖြစ်ပါသည်။

Twitter အတွက် Who Unfollowed Me နှင့် ဆင်တူပြီး App က သင့်ကို Unfriend လုပ်သွားသော သူငယ်ချင်းများကို ပြသပေးနိုင်ပါသည်။ ထို့အပြင် သင်၏ သူငယ်ချင်းသည် သူ၏ အကောင့်ကို Deactivate ပြုလုပ်လျှင်လည်း သင့်ကို App က ပြောပြနိုင်ပါသည်။

App ကို အင်စတောလုပ်ပြီးလျှင် ယခင်က သင့်ကို Unfriend ပြုလုပ်သွားသော သူငယ်ချင်းများကို ပြသပေး မည် မဟုတ်ဘဲ လက်ရှိအချိန်မှ စ၍ နောက်ပိုင်းတွင် သင့်ကို Unfriend ပြုလုပ်သော သူငယ်ချင်းများကို စစ်ဆေးပေးမည် ဖြစ်သည်။

သင့်ကို Unfriend ပြုလုပ်သွားသူများသာမက သူငယ်ချင်းအသစ်များ၊ သင် Block ပြုလုပ်ထားသူများ ကို ပြသပေးနိုင်ပါသည်။ Android , iOS Apps များအပြင် Browser Extension ကိုလည်း ဖြန့်ချီပေး ထားပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com