6/05/2015

♪ အရောင်း ရပ်နားထားခဲ့သည့် Wimax အင်တာနက်လိုင်း ပြန်လည်ရောင်းချ ♫


ခြောက်လအကြာ အရောင်းရပ်နားထားခဲ့သည့် Wimax အင်တာနက်လိုင်းများ ပြန်လည်ရောင်းချတော့မည် ဟု Red Link မှ သတင်းထုတ်ပြန်သည်။

အသုံးပြုသူ အရေအတွက် ၁ သောင်းခွဲဝန်းကျင်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည့် Wimax အင်တာနက်လိုင်းများကို Red Link ကုမ္ပဏီက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ Bandwidth ကို ရယူ၍ ပြန်လည်ရောင်းချပေးနေခြင်း ဖြစ်သည်။

အဆိုပါကုမ္ပဏီသည် လက်ရှိအချိန်၌ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ကို လျှောက်ထားနေဆဲဖြစ်ပြီး လိုင်စင်ရရှိခဲ့ပါက ကိုယ်ပိုင် Bandwidth နှင့် အင်တာနက် ဝန်ဆောင်မှုကို ပေးအပ်သွားမည်ဟု သိရသည်။ ၎င်းတို့သည် လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေးမှ 1.8 GB ပမာဏကို ရယူ၍ အင်တာနက် ဝန်ဆောင်မှုများကို ပေးအပ်နေခြင်း ဖြစ်သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com