Sony
Xperia M4 Aqua ကို ပြည်တွင်း၌ မိတ်ဆက်ခြင်းအဖြစ် Sony မှ
အထူးပရိုမိုးရှင်းနှင့် နှစ် ရက်တာ ဖုန်းလေလံပွဲကို
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖုန်းလေလံပွဲကို အနော်ရထာလမ်းနှင့် လသာလမ်းထောင့်ရှိ Sony Concept Store တွင် ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ပြုလုပ်မည်ဖြစ်ပြီး လေလံပွဲတွင် တန်ဖိုး ၂၉၉,ဝဝဝ ကျပ်ရှိ Sony Xperia T2 Ultra နှင့် တန်ဖိုး ၁၉၉,ဝဝဝ ကျပ်ရှိ Xperia M2 ဖုန်းနှစ်လုံးအား ကြမ်းခင်းဈေး ၉၉,ဝဝဝ ကျပ်ဖြင့် လေလံတင် ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အထူးပရိုမိုးရှင်းအဖြစ် Sony Official အရောင်းဆိုင်များတွင် အသစ်ထွက်ဖုန်းဖြစ်သော Xperia M4 Aqua အား ၃၂၅,ဝဝဝ ကျပ်ဖြင့် ဇွန်လ ၅ ရက်မှ ၇ ရက်အထိ ရောင်းချပေးမည့်အပြင် ဝယ်ယူသည့် သုံးစွဲသူများအား ငွေကျပ် ၃,ဝဝဝ မှ ၃ဝ,ဝဝဝ အထိ ငွေသားပြန်ပေးမည့် ဗလာမပါ ကံစမ်းမဲအစီအစဉ် လည်းရှိကြောင်း သိရသည်။

Internet Journal