6/12/2015

♪ SanDisk က အကြွေပြားစေ့အရွယ်သာရှိသော 128GB USB 3.0 Drive ကို ပြသ ♫

5

SanDisk က အကြွေပြားစေ့အရွယ်သာရှိသော 128GB USB 3.0 Drive ကို ပြသလိုက်ပါသည်။

Ultra Fit USB 3.0 ဟု အမည်ပေးထားပြီး 128GB ပါရှိပါသည်။ ဒေါ်လာ ၁၂၀ တန်ကြေး သတ်မှတ်ထားပြီး USB 3.0 စံနှုန်းဖြင့် ဒေတာများ လျှင်မြန်စွာ ကူးပြောင်းပေးနိုင်ပါသည်။

SanDisk က ကမ္ဘာ့ စွမ်းဆောင်ရည်အမြင့်ဆုံး Portable SSD ကိုလည်း မိတ်ဆက်လိုက်ပါသည်။ Extreme 900 သည် ဈေးကွက်အတွင်းရှိ အလျှင်မြန်ဆုံး USB Type-C SSD ဖြစ်ပြီး အခြား Portable Hard Drive များထက် ကိုးဆ ပိုမိုလျှင်မြန်စွာ ဒေတာများ ကူးပြောင်းနိုင်ပါသည်။ Extreme 500 သည် လေးဆပိုမိုမြန်ပါသည်။

480GB ပါသော Extreme 500 ကို ဒေါ်လာ ၂၃၉.၉၉ ၊ 1.9TB ပါသော Extreme 900 ကို ဒေါ်လာ ၉၉၉.၉၉ ဖြင့် ရောင်းချပေးနေပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com