6/01/2015

♪ Oppo R7 နှင့် R7 Plus ကို ကြေညာ ♫

1

Oppo က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းနှစ်လုံးကို ကြေညာလိုက်ပါသည်။ Oppo R7 နှင့် R7 Plus တို့ဖြစ်ပါသည်။

Oppo R7 တွင် ငါးလက်မ AMOLED Display တပ်ဆင်ထားပြီး အရည်အသွေးမှာ 1080p ဖြစ်ပါသည်။ မျက်နှာပြင်ကို 2.5D Glass ဖြင့် ကာကွယ်ထားပါသည်။ R7 Plus တွင် ခြောက်လက်မ 1080p Display တပ်ဆင်ထားပါသည်။

R7 တွင် 64-bit Octa-Core Processor တပ်ဆင်ထားသည့် Qualcomm 615 Chipset , 3GB RAM တပ်ဆင်ထားပါသည်။ R7 တွင် 16GB Storage နှင့် R7 Plus တွင် 32GB Storage ပါရှိပါသည်။ microSD Card ထည့်သွင်းနိုင်ပါသည်။

R7 နှင့် R7 Plus နှစ်မျိုးစလုံးတွင် 13MP Main Camera တပ်ဆင်ထားပါသည်။ R7 တွင် LED Flash တစ်လုံးနှင့် R7 Plus တွင် LED Flash နှစ်လုံး တပ်ဆင်ထားပါသည်။

R7 Plus တွင် 4100mAh Battery နှင့် R7 တွင် 2320mAh Battery ထည့်သွင်းထားပါသည်။ ဖုန်းနှစ်မျိုးစလုံးတွင် လျှင်မြန်စွာ အားသွင်းနိုင်သော VOOC Charging ပါရှိပါသည်။ R7 Plus တွင်သာ Fingerprint Sensor ပါရှိပါသည်။

စမတ်ဖုန်းနှစ်မျိုးစလုံးတွင် Oppo ၏ နောက်ဆုံးထုတ် ColorOS v2.1 ကို Android Lollipop 5.1 နှင့် တွဲဖက်အသုံးပြုထားပါသည်။ Dual-SIM ထည့်သွင်းနိုင်ပြီး 4G LTE ကို အထောက်အပံ့ပေးပါသည်။

Oppo R7 ကို ဒေါ်လာ ၄၀၀ ၊ Oppo R7 Plus ကို ဒေါ်လာ ၄၈၀ ဖြင့်ရောင်းချမည် ဖြစ်သည်။ တရုတ်တွင် စတင်ရောင်းချပေးနေပြီဖြစ်ပြီး နိုင်ငံတကာတွင် ဇွန်လလယ်မှ စတင်၍ ရောင်းချပေးမည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com