6/01/2015

♪ Huawei P8 စမတ်ဖုန်းအသစ်ထွက်ပြီ ♫


Huawei စမတ်ဖုန်းဟာ လက်ရှိ မြန်မာပြည်တွင် လူကြိုက်များပြီးအောင်မြင်နေသော ဖုန်းတစ်လုံးဖြစ်ပါ တယ်။ အဲဒီအထဲကမှ P Series တွေကလည်း ထူးခြားမူတွေများစွာ ပါဝင်ပြီး အသုံးပြုရကောင်းမွန်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ယခုမိတ်ဆက်လိုက်ပြသ လိုက်တာကတော့ Huawei P8 စမတ်ဖုန်းအသစ် ဖြစ်ပါတယ်။

ထိုဖုန်းဟာ Android 5.0 + EMUI 3.1 ဖြစ်ပြီး 3 GB RAM 16GB ROM ဖြစ်ပါတယ်။ မျက်နှာပြင် အကျယ်မှာ 5.2 လက်မဖြစ်ပြီး အလွန်ကောင်းမွန်သောကင်မရာကို ပြုလုပ်တပ်ဆင် ထားကြောင်း သိရပါတယ်။ ထိုဖုန်းရဲ့ ကင်မရာဟာ13MP AF (OIS) + 8MP , Dual-tone flash ကို အသုံးပြုထားတဲ့ အတွက်ကြောင့် ဓာတ်ပုံနှင့် ဗီဒီယို အလွန်ပင် ကောင်းမွန်ပါတယ်။ ဒါ့အပြင် ဆင်းကဒ်နှစ်ခု အသုံးပြုနိုင်ပါ တယ်။ဒါ့အပြင် ဘတ္တရီကို ကြာရှည်ခံအောင် 2600 mAh (Typincal) နှင့် 2600 mAH (Rated) ကို အသုံးပြုထားပါတယ်။ Screenshot ဖမ်းဖို့အတွက် မျက်နှာပြင်ကိုလက်လေးဖြင့် နှစ်ချက်တောက် လိုက်ခြင်းဖြင့် အဆင်ပြေအောင် ထူးခြားစွာပြုလုပ်ပေးထား ပါတယ်။


ဒီအတွက်ကြောင့် Huawei P8 စမတ်ဖုန်းအသစ်ဟာ Huawei ရဲ့ ပရိသတ်တွေ အတွက် အထူးပင်ကြိုက်နှစ်သက်စေမှာလို့ ထင်ပါတယ်။ Huawei P8 စမတ်ဖုန်း အသစ်ကို မေလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ပြုလုပ်ခဲ့ပြီး မြန်မာမီဒီယာများ၊ ရုပ်ရှင် သရုပ်ဆောင်များနှင့် Huawei ပရိသတ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ မြန်မာပြည်မှာ ဈေးနှုန်း ဘယ်လောက်နဲ့ရာင်းချမည်ကို မသိရ သေးပါဘူး။

Credit : ကျော်လင်းနိုင် (ရိုးရာလေး)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com