6/04/2015

♪ Oppo Neo 5s ကို မိတ်ဆက် ♫

1

Oppo က ယခင်နှစ်တွင် ရောင်းချခဲ့သော Neo 5 ၏ မျိုးဆက်ဖြစ်သည့် Neo 5s ကို သူ၏ ၀က်ဆိုက် တွင် ပြသထားပါသည်။

Neo 5s တွင် ၄.၅ လက်မ IPS Display ( 854×480 pixels ) တပ်ဆင်ထားပါသည်။ မျက်နှာပြင်သည် လက်အိတ်များနှင့် ရေစိုနေသည့် လက်ချောင်းများဖြင့် ထိတွေ့အသုံးပြုရန် အာရုံခံမှုကောင်းမွန်ပါသည်။ Quad-Core 1.2GHz CPU တပ်ဆင်ထားသော Qualcomm Snapdragon 410 Chipset , 1GB RAM, 8GB Storage ပါရှိပြီး 128GB အထိဝင်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။

Android 4.4 KitKat နှင့် ColorOS 2.0.1 ကို ပေါင်းစပ်အသုံးပြုထားပါသည်။ Pure Image 2.0 နည်းပညာပါသော 8MP Camera ကို အနောက်ဘက်တွင် တပ်ဆင်ထားပါသည်။ ကင်မရာသည် 720p HD Video များကို ရိုက်ကူးပေးနိုင်ပါသည်။ အရှေ့ဘက်တွင် 2MP Camera ပါရှိပါသည်။

Dual-SIM အမျိုးအစားဖြစ်ပြီး FDD-LTE ဆက်သွယ်မှုကို ထောက်ပံ့ပါသည်။ WiFi, Bluetooth 4.0, GPS, USB OTG တို့ ပါရှိပြီး ဘက်ထရီမှာ 2000mAh ဖြစ်ပါသည်။ Oppo Neo 5s ကို ယူရို ၁၆၀ ဖြင့် ရောင်း ချပေးနေပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com