6/04/2015

♪ နောက်မျိုးဆက် Android OS တွင် လက်ဗွေရာစနစ်ဖြင့် Apps များကို Log In ၀င်နိုင်မည် ♫

၎

Android M ဟု အမည်ပေးမည်ဟု ယူဆရသော နောက်မျိုးဆက် Android OS တွင် လက်ဗွေရာ စစ်ဆေးသည့် စွမ်းဆောင်ချက်ကို ထည့်သွင်းပေးမည်ဟု BuzzFeed က ရေးသားထားပါသည်။

ထို့အတွက် အသုံးပြုသူများသည် သူတို့၏ Android Devices များတွင် လက်ဗွေရာ စစ်ဆေးမှုကို ထောက်ပံ့သော Apps များကို လက်ဗွေရာဖြင့် ကာကွယ်ထားနိုင်မည် ဖြစ်သည်။ ပိုင်ရှင်က Apps များကို Log In ၀င်ရန် လက်ဗွေရာကို အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အတွက် Apps များတွင် Log In ၀င်ရောက်ရန် Password များ ရိုက်ထည့်ရသည့် အလုပ်ရှုပ်မှုကင်းဝေးမည် ဖြစ်သည်။

Google က မေလ ၂၈ တွင် ကျင်းပမည့် Google I/O Developer Conference တွင် အဆိုပါ စွမ်းဆောင်ချက်ကို ကြေညာမည်ဟု မျှော်လင့်ရပါသည်။ Fingerprint Sensor နှင့် Android M ပါရှိသည့် ဖုန်းများတွင် အဆိုပါ စွမ်းဆောင်ချက်ကို အသုံးပြုနိုင်မည် ဖြစ်သည်။

Apps များကို Log In ၀င်နိုင်ရုံသာမက မိုဘိုင်းငွေပေးချေမှုများအတွက်လည်း Fingerprint ကို အသုံးပြုနိုင်မည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com