6/02/2015

♪ LG က ၁ မီလီမီတာသာ အထူရှိသည့် တီဗီကို ပြသ ♫

1

LG က အလွန်ပါးလွှာသည့် မျက်နှာပြင် တပ်ဆင်ထားသော တီဗီကို ပြသလိုက်ပါသည်။ LG ၏ ၅၅ လက်မအရွယ် OLED ( Organic Light-Emitting Diode ) Display သည် ၁.၉ ကီလိုဂရမ် အလေးချိန်ရှိပြီး တစ်မီလီမီတာအောက် လျှော့နည်းသည့် အထူရှိပါသည်။ တီဗီ၏ အနောက်ဘက်တွင် သံလိုက်ပါရှိပြီး နံရံများတွင် ကပ်ထားနိုင်ပါသည်။

Samsung, LG , Sony တို့က OLED Display များကို တီထွင်နေသော်လည်း ကုန်ကျစရိတ်မှာ မြင့်မား ပါသည်။ LG ၏ ၆၅ လက်မ 4K OLED TV သည် ဒေါ်လာ ကိုးထောင် တန်ကြေးရှိပါသည်။

LG က ယခုနှစ်တွင် OLED TV ပေါင်း ခြောက်သိန်းရောင်းချရန်နှင့် လာမည့်နှစ်တွင် ၁.၅ သန်းရောင်းချနိုင် ရန် မျှော်လင့်ထားသည်ဟု ပြောပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com