6/02/2015

♪ LG က စွမ်းဆောင်ရည်သင့် G4 Stylus နှင့် G4c တို့ကို ကြေညာ ♫

7

LG က G4 ဒီဇိုင်းနှင့် ဆင်တူသော G4 Stylus နှင့် G4c တို့ကို မိတ်ဆက်လိုက်ပါသည်။

G4 Stylus တွင် ကညစ်တံ ပါရှိပြီး မှတ်စုများ ရေးသားခြင်း၊ ပုံဆွဲခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ G4 Stylus ကို ကိုရီးယားနှင့် မြောက်အမေရိကတွင် G Stylo အမည်ဖြင့် မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။ G4c သည် စွမ်းဆောင်ရည်မြင့် G4 ၏ အရွယ်ငယ်သော အမျိုးအစားဖြစ်ပါသည်။

G4 Stylus ကို နှစ်မျိုးနှစ်စား ထုတ်လုပ်ပေးထားပါသည်။ ပထမတစ်မျိုးတွင် 1.2GHz Quad-Core CPU နှင့် 4G LTE ထောက်ပံ့မှုပါရှိပါသည်။ ဒုတိယတစ်မျိုးတွင် 1.4GHz Octa-Core CPU နှင့် 3G ထောက်ပံ့မှု ပါရှိပါသညမ်။ ၅.၇ လက်မ 720p Display တပ်ဆင်ထားပါသည်။ G4c တွင် 1.2GHz Quad-Core CPU မောင်းနှင်ပြီး ငါးလက်မ 720p Display ပါရှိပါသည်။

8

ဖုန်းအားလုံးတွင် Android 5.0 နှင့် LG UX 4.0 ကို တွဲဖက်အသုံးပြုထားပါသည်။ 1GB RAM, 8GB Storage ပါရှိပြီး microSD Card ထည့်သွင်းနိုင်ပါသည်။ ဖုန်းအားလုံး၏ အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပါသည်။

G4 Stylus 4G Model ၏ အနောက်ဘက်တွင် 13MP Camera နှင့် 3G Model ၏ အနောက်ဘက်တွင် 8MP Camera တပ်ဆင်ထားပါသည်။ အခြားစွမ်းဆောင်ချက်များအနေဖြင့် WiFi 802.11 a/b/g/n, Bluetooth 4.1, NFC, GPS တို့ပါရှိပါသည်။

G4c ၏ အနောက်ဘက်တွင် 8MP Camera တပ်ဆင်ထားပြီး WiFi 802.11 b/g/n, Bluetooth 4.1, NFC, GPS တို့ပါရှိပါသည်။

G4 Stylus ကို ယူရို ၃၄၉ ၊ G4c ကို ယူရို ၂၄၉ ဖြင့် ရောင်းချမည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com