6/17/2015

♪ ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် KMD တို့ ပူးပေါင်း၍ Web Development နှင့် Network Communication Dipolma သင်တန်းများ ဖွင့်လှစ်မည် ♫


ပြည်တွင်း၊ ပြည်ပ၌ Web Developer တစ်ယောက် သို့မဟုတ် Network ပညာရှင်တစ်ယောက် အနေဖြင့် အသက်မွေးဝမ်းကျောင်းပြု ရပ်တည်လိုသူများ အတွက် လိုအပ်သော ပညာရပ်များကို အခြေခံမှစ၍ ကျွမ်းကျင်အဆင့်အထိ နားလည်တတ်ကျွမ်းစေရန် သင်ကြားပေးမည့် Web Development နှင့် Network Communication သင်တန်းများကို ပညာရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန၊ ရန်ကုန် အဝေးသင်တက္ကသိုလ်နှင့် KMD တို့ပူးပေါင်း၍ဖွင့်လှစ်သင်ကြားပေးသွား မည် ဖြစ်ကြောင်း သိရသည်။

Web Development Diploma သင်တန်းတွင် ဝက်ဘ်ဆိုက်များ ဖန်တီးရေးသားရာတွင် သိသင့်သိထိုက်သော နည်းပညာများ၊ စီးပွားရေး လုပ်ငန်းတစ်ခုကို အကောင်အထည် ဖော်ရာတွင် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ System Analyst တစ်ယောက် လုပ်ဆောင်ရမည့် တာဝန်များ၊ e-Government လုပ်ငန်းများ၊ အသင်းအဖွဲ့များနှင့် စီးပွားရေး လုပ်ငန်းများအတွက် Dynamic WebSite များ ဖန်တီးရေးသားနိုင်ရန် လိုအပ်သော Programming Concept များ သင်ကြားပေးခြင်း၊ System Designer တစ်ဦးအတွက် လိုအပ်သည့် Screen Design များ ရေးဆွဲခြင်း၊ စစ်ဆေးခြင်း၊ အင်တာနက်ပေါ် တွင် စီးပွားရေး လုပ်သည့်အခါ အရေးကြီးသည့် အချက်အလက်များကို လုံခြုံစိတ်ချမှုရရှိစေရန် လိုအပ်သော နည်းပညာများ၊ အရေးကြီးသည့် အချက်အလက်များကို Database အတွင်း သိမ်းဆည်းခြင်း၊ ရှာဖွေခြင်း လုပ်ငန်းများကို အချိန်ကုန် သက်သာစွာ ဆောင်ရွက်နိုင်ရန် သင်ကြားပေးမည် ဖြစ်သည်။

Network Communication Diploma သင်တန်းတွင်Network ချိတ်ဆက်ခြင်းများ၏ အခြေခံ နည်းပညာများ၊ အသေးစား လုပ်ငန်း Network ချိတ်နည်း မှ Enterprise လုပ်ငန်းခွင်ကြီးများတွင် Network ချိတ်ဆက် နည်းပညာရပ်များ၊ Wireless နည်းပညာများနှင့် လုံခြုံရေး နည်းပညာရပ်များ၊ Server Administrator တစ်ဦးအတွက် လိုအပ်သော Network Infrastructure Management ပညာရပ်များ၊ Telecom Network ( 2G, 3G, 4G ) ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေး မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလမှာ ၉ လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းများကို သထုံလမ်း၊ အဝေးသင်ဌာနတွင် ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်သည်။

သင်တန်းပြီးဆုံးပါက ပညာရေးဝန်ကြီး ဌာနမှ ချီးမြှင့်မည့် Diploma ကို ရရှိမည်ဖြစ်ပြီး University of Greenwich (UK) ၏ Second Year Computing Diploma ကို တက်ရောက်နိုင်ပြီး International B.Sc.(Hons) Degree ရရှိသည် အထိ တက်ရောက်နိုင်မည် ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက KMD ဖုန်း-၀၁- ၅၀၁၂၄၃၊ ၃၈၁၀၃၅ သို့ ဆက်သွယ် မေးမြန်းနိုင်ပြီး KMD ၏ facebook page ဖြစ်သော KMD Education Services page တွင်လည်း ဝင်ရောက်လေ့လာနိုင်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com