6/17/2015

♪ HTC One ME ကို ကြေညာ ♫

8

HTC က One ME ကို တရုတ်တွင် ကြေညာလိုက်ပါသည်။ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်ပြီး အရောင်သုံးမျိုးထုတ်လုပ်ပေးထားပါသည်။

MediaTek ၏ Helio X10 Chipset အသစ်ကို ထည့်သွင်းထားပါသည်။ 64-bit SoC ဖြစ်ပြီး 2.2GHz Octa-Core CPU ပါရှိပါသည်။ 3GB RAM, 32GB Storage, 5.2” QHD Display , Fingerprint Sensor တပ်ဆင်ထားပါသည်။ Ultra HD Video (4K) များကို ရိုက်ကူးပေးနိုင်သော 20MP Camera ကို အနောက်ဘက်တွင် တပ်ဆင်ထားပါသည်။ အရှေ့ဘက်တွင် 4MP UltraPixel Camera ပါရှိပါသည်။ Sense-d Android Lollipop ထည့်သွင်းထားပါသည်။

Dolby Surround နည်းပညာပါသော BoomSound Speakers များတပ်ဆင်ထားပါသည်။ ဘက်ထရီမှာ 2840mAh ဖြစ်ပါသည်။ Dual-SIM အမျိုးအစားဖြစ်ပြီး LTE, Bluetooth 4.1, Dual-Band WiFi a/b/g/n/ac , NFC , microUSB 2.0 ဆက်သွယ်မှုများ ပါရှိပါသည်။

HTC က One ME ကို တရုတ် ပြင်ပတွင် ရောင်းချမည့် သတင်းကို မသိရသေးပါ။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com