6/17/2015

♪ Smartphone film festival ကျင်းပမည် ♫


Smartphone film festival ကို Yangonheartz မှ သြဂုတ်လအတွင်း ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

Smartphone ကိုင်ဆောင်သူများ၏ အနုပညာဆိုင်ရာ တီထွင်ဖန်တီးမှုစွမ်းရည်ကို ထုတ်ဖော်ပြသရန် ကျင်းပခြင်းဖြစ်သည်ဟု Yangonheartz က သတင်း ထုတ်ပြန်ထားသည်။ အသုံးပြုမှုနှုန်း မြင့်တက်လာ သည့် Smartphone ကင်မရာများကို အသုံးချ၍ movie clip ပေးပို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး movie clip များ၏ ကြာမြင့်ချိန်မှာ ၅ မိနစ်မှ ၁၀ မိနစ်အထိ ဖြစ်သည်ဟု သိရသည်။

ပြိုင်ပွဲနှင့် ပတ်သက်၍ ဆုအမျိုးအစား သုံးမျိုး ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုကြေးငွေနှင့် ပတ်သက်၍ စီစဉ်သူများ က ကြေညာထားခြင်းမရှိခဲ့ပေ။ မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက် ထက်ဝက်ကျော်သည် Smartphone များကို ကိုင်ဆောင်ထားကြသည်ဟု Telelnor ကပြောဆိုခဲ့သည်နောက်ပိုင်း ယခုကဲ့သို့ ပြိုင်ပွဲများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များကို www.spffmm.com ၌ တင်ဆက်ပေးသွားမည်ဟု စီစဉ်သူတို့က ကြေညာထားသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com