iOS
အတွက် ဖြန့်ချိထားသော Camera+ app update တွင် Apple Watch ဖြင့် selfie
ဓာတ်ပုံများကို လွယ်ကူစွာ ရိုက်ကူးနိုင်ရန် ပြုလုပ်ပေးထားကြောင်း သိရသည်။
ထို့အပြင် Apple Watch ၏ Camera+ မှတစ်ဆင့် ဓာတ်ပုံများကို လွယ်ကူစွာ ရိုက်ကူးနိုင်ရန် အဝေးထိန်း shutter ခလုတ်လည်း ပါဝင်လာသည်။ သုံးစွဲသူများအနေဖြင့် timer feature ကို အသုံးပြု၍လည်း ဓာတ်ပုံများကို ရိုက်ကူးနိုင်ပြီ ဖြစ်သည်။ အဆိုပါ app ကိုသုံးစွဲသူများသည် ဓာတ်ပုံရိုက်ကူးရန်အတွက် မျက်နှာပြင်ကို tap ပြုလုပ်စဉ် ယခင်က ဓာတ်ပုံရိုက်ကူးခဲ့သည့် မြင်ကွင်းနှင့် မတူသည့်မြင်ကွင်း ကို ဖော်ပြပေးမည် ဖြစ်သည်။
ထို့အပြင် ယခင်ပုံစံအတိုင်း ဓာတ်ပုံများ ရိုက်ကူးနိုင်ပြီး အသစ်ပါဝင်လာသည့် selfie ခလုတ်ကို နှိပ်လိုက် ပါက iPhone ၏ရှေ့ကင်မရာ မြင်ကွင်းကို ဖော်ပြပေးမည် ဖြစ်သည်။
Ref: TheNextWeb

Internet Journal