5/19/2015

♪ Yota Phone 2 ဗားရှင်းသစ် တစ်မျိုးကို မိတ်ဆက်ပြသခဲ့ ♫


Yota Phone နှင့် Yota Phone 2 တို့ကို ထုတ်လုပ်သည့် ရုရှားကုမ္ပဏီ Yota Devices သည် စွမ်းဆောင်ရည် မြှင့်တင်ထားသည့် အဖြူရောင်ဒီဇိုင်း YotaPhone 2 ကို မိတ်ဆက်ခဲ့သည်။

Yota Devices ၏အဖြူရောင် Yota Phone 2 သည် အကန့်အသတ်ဖြင့် ရောင်းချသွားမည့် limited edition ဖြစ်သည်။ ယခု မိတ်ဆက်လိုက်သည့် Yota Phone 2 စမတ်ဖုန်း ကိုယ်ထည်နှင့် ၄.၇ လက်မ e-ink display အရောင်များကို ပြောင်းလဲထားသည်။ ထို့အပြင် YotaPhone 2 ၏ကျောဘက် display ကိုအမြဲ ဖွင့်ထားနိုင်သည့် YETI UI အား ကုမ္ပဏီက မိတ်ဆက်ခဲ့သည်။ ယခုအခါတွင် e-ink မျက်နှာပြင်တွင် app နှင့် သုံးစွဲသူများ ဖော်ပြလိုသည့် ပုံများကို လွယ်ကူစွာ စိတ်ကြိုက်ပြင်ဆင် အသုံးပြုနိုင်မည် ဖြစ်သည်။ Yota Phone 2 ၏ လူသုံးအများဆုံး feature များအနက် တစ်ခုဖြစ်သည့် ပုံအမျိုးမျိုးကို e-ink မျက်နှာပြင်တွင် ဖော်ပြခြင်းစနစ်တွင် ယခင်က အဆင့် ၆ ဆင့်ဖြင့် ပြုလုပ်ခဲ့ရပြီး ယခုအခါတွင် tap နှစ်ချက်ခန့်ဖြင့် ပြုလုပ်နိုင်မည် ဖြစ်သည်။

ထို့အပြင် အသစ်မိတ်ဆက်လိုက်သည့် YotaPhone 2 တွင် စာဖတ်ရာတွင် အသုံးပြုမည့် EPD (Electronic Paper Display) ကို မျက်နှာပြင်ပြည့် ကောင်းမွန်စွာ အသုံးပြုရန် widget သစ်များ ပါဝင်လာသည်။ စမတ်ဖုန်း၏ ကျောဘက် မျက်နှာပြင်တွင် Twitter, Facebook နှင့် Instagram တို့ကို မျက်နှာပြင်ပြည့် အသုံးပြုနိုင်မည့် widget များလည်း ပါဝင်သည်။ အဆိုပါ update များကို အဖြူရောင် Yota Phone 2 တွင် သာမက အနက်ရောင် YotaPhone 2 ထုတ်ကုန်များတွင်လည်း အသုံးပြုနိုင်ရန် software update များအဖြစ် ဖြန့်ချိပေးသွားမည် ဖြစ်သည်။

ယခင်မူလ ထုတ်လုပ်ထားခဲ့သည့် အနက်ရောင် YotaPhone 2 ကို ကန်ဒေါ်လာ ၅၅၅ ဖြင့် ရောင်းချ ခဲ့သော်လည်း ယခုအဖြူရောင် YotaPhone 2 သစ်ကို ကန်ဒေါ်လာ ၆၈၀ ဖြင့် ရောင်းချလျက်ရှိသည်။ Yota Phone 2 ဗားရှင်းသစ်ကို Yota Phone ဝက်ဘ်ဆိုက်မှ တစ်ဆင့်မှာယူနိုင်ပြီ ဖြစ်သည်။               
Ref: TheNextWeb

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com