5/29/2015

♪ စမတ်ဖုန်းကို စက္ကန့် ခြောက်ဆယ်အတွင်း အားဖြည့်ပေးနိုင်သည့် အလူမီနီယမ် ဘက်ထရီ ♫

4
 
အမေရိကန်မှ သုတေသနပညာရှင်များက ပြန်လည် အားဖြည့်တင်းနိုင်သော အလူမီနီယမ် ဘက်ထရီကို တီထွင်လိုက်ပြီး စက္ကန့် ခြောက်ဆယ်အတွင်း စမတ်ဖုန်းကို အားဖြည့်ပေးနိုင်သည်ဟု ပြောပါသည်။
 
အလူမီနီယမ် ဘက်ထရီသည် ဈေးကွက်ထဲရှိ ဘက်ထရီ အားလုံးထက် ဈေးသက်သာခြင်း၊ ကွေးညွှတ် နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ခြင်းတို့တွင် ပိုမို အားသာချက်များရှိပါသည်။ အလူမီနီယမ် ဘက်ထရီသည် Lithium-Ion Battery များကဲ့သို့ မီးတောက်လောင်ခြင်းမျိုးကိုလည်း မဖြစ်ပေါ်စေနိုင်ဟု သိရပါသည်။
 
 “ အလူမီနီယမ် ဘက်ထရီကို လွန်ပူဖြင့် ဖောက်ထွင်းကြည့်တဲ့ အခါမှာ မီးလောင်ခြင်းမရှိဘဲ အချိန်အနည်း ငယ်ကြာအောင် အလုပ်ဆက်နေပါတယ်။ ဒါပေမယ့် လစ်သီယမ် ဘက်ထရီတွေကတော့ မီးလောင်နိုင်ပါ တယ်။ “ ဟု တီထွင်သူအဖွဲ့မှ Dai က ပြောပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com