ကမ္ဘာပေါ်မှာ တန်ဖိုးထိုက်တန်တဲ့ အရာတွေကို ရပ်တန့်လို့မရနိုင်ပါဘူး။ IP 
ကင်မရာတစ်ခု ၊ စမတ်မီးသီး တစ်လုံး နဲ့ Redmi 2 
တို့ကိုထုတ်လုပ်ပြီးတဲ့နောက်မှာ Xiaomi ဟာ သူ့ရဲ့ အရည်အသွေးမြင့် Phablet 
တစ်လုံးဖြစ်တဲ့ ၅.၇ လက်မ အရွယ်အစားရှိ Mi Note နဲ့ Apple ရဲ့ iPhone 6 Plus
 ကို အမှီ လိုက်လာ ပါတယ်။
 
Xiaomi ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ Lei Jun က ၆.၉၅ မီလီမီတာ ထူပြီး ၁၆၁ ဂရမ် 
လေးတဲ့ Mi Note ဟာ
 iPhone 6 Plus ထက်ပိုမို ပေါ့ပါးပြီး ပိုမို ပါးလွှာတယ်လို့ ဆိုထားပါတယ်။ 
အရည်အသွေးချင်း ယှဉ်ကြည့်တဲ့ အခါမှာလည်း Dual Sim ထည့်သွင်းနိုင်တဲ့ Mi 
Note ဟာ Gorilla Glass 3 နဲ့ ပြုလုပ်ထားတဲ့ မျက်နှာပြင်လည်း ပါဝင်တဲ့အတွက် 
လူကြိုက်များ နေခဲ့တာဖြစ်ပါတယ်။
Samsung ရဲ့ နောက်ဆုံးထုတ် ဖုန်းတွေလိုပဲ သတ္တုကိုယ်ထည် ကို သုံးထား တဲ့အ 
တွက်   ရွေးချယ်စရာ တစ်ခုဖြစ်နေခဲ့တာပါ။ ဈေးနှုန်းကလည်း ဒေါ်လာ ၃၇၀ 
ဝန်းကျင်ဖြစ်တဲ့အတွက် သက်သာ တယ်လို့ ဆိုနိုင်ပေမယ့်လည်း တရုတ်နိုင်ငံ က 
Xiaomi ပရိတသတ်တွေကတော့ အရင်တုန်းက ထုတ်လုပ်ခဲ့တဲ့ Xiaomi ရဲ့ ဒေါ်လာ ၃၀၀ 
မကျော်တဲ့ စမတ်ဖုန်းတွေလောက် သဘောမကျ ဘူးလို့ သိရပါတယ်။
 
 
Credit : http://www.engadget.com 
 http://technology.thithtoolwin.com