5/25/2015

♪ Vivo X5Pro ကို တရားဝင်ကြေညာ ♫

1

တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Vivo က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်ုးဖြစ်သည့် Vivo X5Pro ကို ကြေညာလိုက်ပါသည်။

Vivo X5Pro တွင် 2.5D မျက်နှာပြင်ကွေး Gorilla Glass ဖုံးအုပ်ကာကွယ်ထားသည့် ၅.၂ လက်မ 1080p Super AMOLED Display တပ်ဆင်ထားပါသည်။ ကိုယ်ထည်ကို သတ္တုဖြင့် ပြုလုပ်ထားပြီး စပီကာများကို iPhone 6 ကဲ့သို့ ပြုလုပ်ထားပါသည်။

Octa-Core CPU ပါရှိသော 64-bit Qualcomm Snapdragon 615 Chipset မောင်းနှင်မည် ဖြစ်ပြီး 2GB RAM ပါရှိပါသည်။ 16GB Storage ထည့်သွင်းထားပြီး microSD Card အသုံးပြုနိုင်ပါသည်။

အနောက်ဘက်တွင် 13MP Camera နှင့် LED Flash တပ်ဆင်ထားပါသည်။ အရှေ့ဘက်တွင် 32MP အရည်အသွေး ဓါတ်ပုံများ ရိုက်ကူးနိုင်သည့် 8MP Camera ပါရှိပါသည်။ ဖုန်း၏ လုံခြုံရေးအတွက် အသုံးချနိုင်သော Eye-Recognition နည်းပညာပါရှိပါသည်။

Vivo X5Pro ကို Android Lollipop အခြေခံသော Funtouch OS 2.1 မောင်းနှင်မည် ဖြစ်သည်။ 2300mAh Battery တပ်ဆင်ထားပြီး Dual-SIM 4G LTE ကို အထောက်အပံ့ပေးပါသည်။

Vivo က ရောင်းချမည့် နေ့နှင့် ဈေးနှုန်းကို ကြေညာခြင်းမရှိသေးသော်လည်း ဒေါ်လာ ၄၄၀ တန်ကြေးရှိမည် ဟု ခန့်မှန်းရပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com