Android Police မှ သတင်းအရ Google Play Store တွင် နောက်ထွက်မည့် Apps နှင့် Games များကို Preregister ပြုလုပ်နိုင်ပြီဟု သိရပါသည်။ ထို့အတွက် သင်နှစ်သက်သော Apps များထွက်ရှိလျှင် သင့်ဖုန်းထံတွင် အသိပေးမှုရရှိမည် ဖြစ်သည်။
Preregister ပြုလုပ်နိုင်သည့် ပထမဆုံး App မှာ Terminator Genisys : Revolution ဖြစ်သော်လည်း ထွက်ရှိမည့်နေ့ရက်နှင့် ဈေးနှုန်းကို ကြေညာခြင်း မရှိသေးပါ။ သို့သော် App ၏ Webpage တွင် Screenshots, Description နှင့် Video တို့ အပါအ၀င် အခြား သတင်းအချက်အလက်များကို ဖော်ပြ ထားပါသည်။ Preregister စွမ်းဆောင်ချက်သည် Developer အနေဖြင့်လည်း ဂိမ်းမထွက်မီ တွင် ကြော်ညာနိုင်သည့် အခွင့်အရေးကို ရရှိစေပါသည်။
Google က Preregister ပြုလုပ်နိုင်သည့် ၀က်စာမျက်နှာတွင် Device and Country Compatibility စသည့် သတင်းအချက်အလက်များကိုပါ နောက်ပိုင်းတွင် ထည့်သွင်းပေးမည်ဟု မျှော်လင့်ရပါသည်။