5/27/2015

♪ ယခုနှစ်အတွင်း Nexus ဖုန်း နှစ်မျိုးထုတ်လုပ်ရန် Google စီစဉ်နေဟုဆို ♫


Google သည် ယခုနှစ်တွင် Nexus tablet ကို မထုတ်လုပ်ဘဲ Nexus ဖုန်း နှစ်မျိုးကို ထုတ်လုပ်ဖွယ်ရှိကြောင်း သိရသည်။

Nexus ဖုန်းတစ်မျိုးကို LG မှ ထုတ်လုပ်ပြီး LG Angler ဟုခေါ်ဆိုကာ ၎င်းတွင် ၅.၂ လက်မ screen ပါဝင်ဖွယ်ရှိကြောင်း၊ ကျန်တစ်မျိုးကို တရုတ်ကုမ္ပဏီ Huawei က ထုတ်လုပ်ပြီး ၎င်းကို Bullhead ဟုခေါ်ဆိုကာ ၅.၇ လက်မ display ပါဝင်ဖွယ်ရှိကြောင်း သ Android Police မှ ဖော်ပြခဲ့သည်။

အကယ်၍ အထက်ပါ သတင်းဖော်ပြချက် မှန်ကန်ခဲ့ပါက Google အနေဖြင့် တစ်နှစ်အတွင်း Nexus ဖုန်းနှစ်မျိုးကို ပထမဦးဆုံးအကြိမ် ဖြန့်ချိသွားမည် ဖြစ်သည်။ ဖုန်းနှစ်မျိုးစလုံးတွင် screen အရွယ်အစား ကွာခြားချက်ရှိသောကြောင့် Google အနေဖြင့် Apple နှင့် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားဖွယ်ရှိသည်။

Android Police ၏ သတင်းရင်းမြစ်များ၏ အဆိုအရ LG Angler တွင် Qualcomm ၏ 64-bit hexa-core Snapdragon 808 processor ကို အသုံးပြုဖွယ်ရှိပြီး 2700mAh ဘက်ထရီ ပါဝင်လာဖွယ်ရှိကြောင်း၊ Huawei Bullhead တွင် Qualcomm Snapdragon 810 processor နှင့် 3500mAh ဘက်ထရီကို အသုံးပြုဖွယ်ရှိကြောင်း သိရသည်။

အဆိုပါ ဖုန်းနှစ်မျိုးစလုံးကို 2015 I/O ကွန်ဖရင့်စ်တွင် မိတ်ဆက်ကာ ပုံမှန် Google Nexus ထုတ်ကုန်သစ်များ ဖြန့်ချိမည့် အောက်တိုဘာလတွင် ဖြန့်ချိဖွယ်ရှိသည်။

Nexus tablet ကိုမူ Google က ယခုနှစ်တွင် ထုတ်လုပ်ဖွယ်မရှိကြောင်းလည်း Android Police မှ ဖော်ပြသွားခဲ့သည်။

Ref: CNET

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com