5/25/2015

♪ Huawei MediaPad M2 ကို ပြင်သစ်တွင် ပြသ ♫

3

Huawei က ရှစ်လက်မအရွယ် မျက်နှာပြင်နှင့် သတ္တု ကိုယ်ထည် တပ်ဆင်ထားသော MediaPad M2 တက်ဘလက်ကို ပြင်သစ်တွင် ပြသလိုက်ပါသည်။

Huawei MediaPad M2 တွင် 2GHz Octa-Core CPU တပ်ဆင်ထားသော 64-bit Kirin 930 Chipset ပါရှိပါသည်။ 2GB RAM , 16GB Storage တပ်ဆင်ထားပါသည်။ ရှစ်လက်မမျက်နှာပြင်၏ အရည်အသွေးမှာ 1920×1200 ဖြစ်ပါသည်။

အနောက်ဘက်တွင် 8MP Main Camera နှင့် အရှေ့ဘက်တွင် 2MP Camera တပ်ဆင်ထားပါသည်။ Android 5.0 Lollipop မောင်းနှင်မည် ဖြစ်ပြီး 4G LTE ကို အထောက်အပံ့ပေးပါသည်။ ၇.၈ မီလီမီတာ အထူရှိပြီး 4800mAh Battery ပါရှိပါသည်။

MediaPad M2 ကို ဇွန်လအစောပိုင်းတွင် ရောင်းချမည်ဟု မျှော်လင့်ရပြီး ယူရို ၃၄၉ တန်ကြေးရှိပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com