5/27/2015

♪ အကောင်းဆုံး Android စမတ်နာရီ ဖြစ်လာဖို့ အလားအလာ ရှိနေတဲ့ Huawei Watch ♫


စမတ်နာရီတွေ အပြိုင်အဆိုင် ထုတ်လုပ်နေကြတဲ့ ခေတ်ကာလမှာ တရုတ်အခြေစိုက် Huawei ကလည်း ယင်းတို့ရဲ့ စမတ်နာရီ Huawei Watch ကို ပြီးခဲ့တဲ့ မတ်ခ်ျလအတွင်းက ကျင်းပပြုလုပ်ခဲ့ MWC 2015 နည်းပညာပြပွဲကြီးမှာ မိတ်ဆက်သွားခဲ့ပါတယ်။

Android Wear OS ကို အသုံးပြုထားတဲ့ Huawei Watch ဟာ စမတ်နာရီ ပြိုင်ပွဲထဲကို နောက်ဆုံး မှ ရောက်ရှိလာတယ်လို့ ဆိုရမှာဖြစ်ပေမယ့် နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြီး အကောင်းဆုံး Android စမတ်နာရီ ဖြစ်လာဖို့ အလားအလာတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတာ ကြည့်ကြည့်ရအောင်။ 

ပထမဆုံး အနေနဲ့ ပြောရမယ်ဆိုရင် အလွန်လှပပြီး ဆွဲဆောင်မှုရှိတဲ့ ပုံစံဒီဇိုင်းပါပဲ။ Huawei Watch ဟာ Motorola Moto 360 နဲ့ LG G Watch တို့လို အဝိုင်းပုံစံဖြစ်ပြီး အဆင့်မြင့် အကြမ်းခံ Sapphire Crystal မျက်နှာပြင် တပ်ဆင်ပေးထားတဲ့ ပထမဆုံးသော စမတ်နာရီပဲ ဖြစ်ပါတယ်။


စမတ်နာရီတိုင်းရဲ့ ပုံစံဒီဇိုင်းနဲ့ အသုံးပြုထားတဲ့ ပစ္စည်းတွေဟာ လူတစ်ယောက်ရဲ့ အကြိုက်ပေါ်မှာ မူတည်နေပေမယ့် ဘက်မလိုက်ပဲ ပြောမရမယ်ဆိုရင် Huawei Watch ဟာ အမှန်တကယ်ကို ဆွဲဆောင် မှုရှိတဲ့ အမိုက်စား စမတ်နာရီဆိုတာ သေချာပါတယ်။ စတိန်းလက်စတီးကိုယ်ထည် နဲ့ 400 x 400 pixels ပုံထွက်နှုန်းရှိတဲ့ ၁.၄ လက်မအရွယ် မျက်နှာပြင်တို့ဟာ အထူးလိုက်ဖက်ညီလှပြီး အမြင်တင့်လှပါတယ်။ ၁၈ မီလီမီတာ သားရေနဲ့ သတ္တု လက်ပတ်ကြိုးများကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည် အပိုင်းမှာလည်း Huawei Watch က လေးစားစရာ အနေအထားပါ။ အနိမ့်တန်း စမတ်ဖုန်းတွေမှာ ထည့်သွင်းလေ့ရှိတဲ့ Snapdragon 400 1.2 GHz ပရော်ဆက်ဆာကို စမတ်နာရီထဲမှာ ထည့်ပေးထားတာက သာဓကပါပဲ။ ဒါကို 512MB RAM ၊ 4GB သိုမှီးမှုပမာဏ၊ အလွန်ပေါ့ပါး လျှင်မြန်တဲ့ Android Wear OS တို့နဲ့ တွဲဖက်ပေးလိုက်တဲ့အခါ စမတ်နာရီ တစ်လုံးအတွက် မြင့်မားတဲ့ စွမ်းဆောင်ရည်ကို ရရှိပါလိမ့်မယ်။ 300 mAh ဘက်ထရီကလည်း သိပ်မကြီးလှပေမယ့် တစ်နေ့တာ အသုံးပြုမှုအတွက် လုံလောက်ပါလိမ့်မယ်။


ဆော့ဖ်ဝဲပိုင်းမှာတော့ ရှိရင်းစွဲ Google Now နဲ့ Android Wear ရဲ့ လုပ်ဆောင်ချက်များ အားလုံးပါရှိ မှာဖြစ်ပြီး ကျန်းမာရေးနဲ့ အားကစားဆိုင်ရာ လုပ်ဆောင်ချက် အများအပြားလည်း ပါရှိမှာ ဖြစ်ပါတယ်။ နာရီရဲ့ မျက်နှာစာ ပုံစံဒီဇိုင်း အမျိုး ၄၀ ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Huawei Watch ကို အနက်၊ ငွေရောင်နဲ့ ရွှေရောင် စတဲ့ အရောင် ၃ မျိုးနဲ့ ထုတ်လုပ်ထားပြီး အတည် မပြုနိုင်သေးတဲ့ သတင်းများအရ အနက်နဲ့ ငွေရောင် မော်ဒယ်များက ဒေါ်လာ ၃၈၆ ကျသင့် မှာဖြစ်ပြီး ရွှေရောင်မော်ဒယ်ကတော့ ၅၄၁ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ် (မှတ်ချက် - မေလ ၂၆ ရက်နေ့ ဒေါ်လာပေါက်ဈေးအရ)။

စတင်ဖြန့်ဖြူး ရောင်းချသွားမယ့် ရက်အတိအကျကို မသိရှိရသေးပါဘူး။
Specifications
• 1.4-inch AMOLED display (sapphire crystal) with a resolution of 400×400, 286ppi
• 1.2 GHz Qualcomm Snapdragon 400 processor
• 512MB of RAM
• 4GB of internal storage
• 300mAh battery
• Bluetooth 4.0/4.1
• Heart rate monitor
• Sensors: Gyroscope + Accelerometer, PPG, Barometer, Vibration Motor
• Colors: Black, Silver, Gold
ကဲ စာဖတ်သူတို့လည်း Huawei Watch အပေါ် ထင်မြင်ယူဆချက်များ လွတ်လပ်စွာ မျှဝေပေးသွားပါဦး။

Myanmar Consumer Guide

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com