5/29/2015

♪ Facebook က Messenger တွင် သူငယ်ချင်းများ အတူတကွ ဂိမ်းကစားနိုင်ရန် ပြုလုပ်မည် ♫

2

Facebook Messenger တွင် သူငယ်ချင်းများ အတူတကွ ဂိမ်းကစားနိုင်တော့မည် ဖြစ်သည်။

Facebook က Messenger အတွက် ဂိမ်းများ တီထွင်ပေးရန် Developer များနှင့် ဆွေးနွေးနေသည်ဟု အတည်ပြုပါသည်။ အခြား Apps များမှ Content များကို Messenger တွင် မျှဝေနိုင်သည့် စွမ်းဆောင်ချက် ကိုလည်း မကြာမီက ထည့်သွင်းပေးခဲ့ပါသည်။

Facebook က ပြီးခဲ့သောနှစ်တွင် Messenger ကို Facebook မှ ခွဲထုတ်၍ သီးခြား App အဖြစ် အသုံးပြုစေ ခဲ့ပါသည်။ ထိုကဲ့သို့ ခွဲထုတ်လိုက်ခြင်းသည် Video Call စွမ်းဆောင်ချက်ကို ပိုမိုကောင်းမွန်လာစေသည်ဟု Messenger ထုတ်ကုန် ဌာနမှ အကြီးအကဲဖြစ်သူက Mashable ကို ရှင်းပြပါသည်။

Facebook က Messenger အတွက် မည်သည့်ဂိမ်းများ ထွက်ရှိမည်ဆိုသည်နှင့် ဖြန့်ချီမည့် နေ့ရက် အတိအကျကို ကြေညာခြင်း မရှိသေးပါ။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com