5/29/2015

♪ ယခုနှစ်နှောင်းပိုင်းတွင် ဖြန့်ချိမည့် Android M ကို Google မိတ်ဆက် ♫


Google သည် နှစ်စဉ်ကျင်းပနေကျ developer conference တွင် Android M operating system သစ်ကို မိတ်ဆက်ခဲ့သည်။

Android M ကို ယနေ့တွင် prerelease ဗားရှင်းအဖြစ် ဖြန့်ချိသွားမည် ဖြစ်ပြီး ယခုနှစ် နှောင်းပိုင်းမှသာ feature သစ်များစွာ ပါဝင်ပြီး စွမ်းဆောင်ရည် မြှင့်တင်ထားသော ဗားရှင်းကို ဖြန့်ချိသွားမည် ဖြစ်သည်။

ကုမ္ပဏီအနေဖြင့် operating system သစ်အတွက် အခြေခံကျသည့် အရာများကို တည်ဆောက်သွားမည် ဖြစ်ပြီး platform အရည်အသွေးကိုလည်း တိုးမြှင့်သွားမည် ဖြစ်ကြောင်း Google ၏ အကြီးတန်း ဒုဥက္ကဌ ဆန်ဒါပီချိုင်းက ပြောကြားခဲ့သည်။

Android 5.0 Lollipop တွင် ဒီဇိုင်းသစ်နှင့် interface သစ်များ မိတ်ဆက်ခဲ့သလို Android M တွင်လည်း software သုံးစွဲမှုနှင့် တည်ငြိမ်မှုတိုးတက်မှုရှိစေရန် ဖန်တီးသွားမည် ဖြစ်ကြောင်း သိရသည်။

Android M ၏ ပြောင်းလဲမှုများအနက် အကြီးမားဆုံးပြောင်းလဲမှုမှာ app များကို ခွင့်ပြုချက်ပေးသည့် စနစ်ဖြစ်သည်။ သုံးစွဲသူများသည် ကင်မရာသို့မဟုတ် တည်နေရာပြသော app များကိုလုံခြုံရေးဆိုင်ရာ ခွင့်ပြုချက်များအား approve သို့မဟုတ် deny ပြုလုပ်နိုင်သည်။

Android M တွင် ပါဝင်သော Chrome browser တွင် app များကို ပြောင်းစရာမလိုအပ်ဘဲ developer များ ရေးဆွဲထားသည့် app မှတစ်ဆင့် webview ကြည့်ရှုနိုင်သော Chrome Custom Tabs feature ပါဝင်လာမည် ဖြစ်သည်။ Android ၏ built-in app linking system ကို အဆင့်မြှင့်တင်ထားပြီး အီးမေးလ်အတွင်းရှိ Twitter link ကိုနှိပ်ပါက Twitter app ကို တိုက်ရိုက်ဖွင့်ပေးမည် ဖြစ်သည်။ ထို့အပြင် Android M သည် Android Pay ဟု အမည်ရသည့် ငွေပေးချေမှု စနစ်သစ်နှင့် အားသွင်းရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာမည့် USB Type-C ထောက်ပံ့မှုကိုလည်း မိတ်ဆက်ခဲ့သည်။


Ref: TheVerge
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com