5/28/2015

♪ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း အသိအမှတ်ပြု Network Associate Examination ကျင်းပမည် ♫


မြန်မာနိုင်ငံ ကွန်ပျူတာပညာ ရှင်အသင်းမှ အသိအမှတ်ပြု Network Associate Examination စာမေးပွဲကို ဇွန်လ ၂၁ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း၏ စာမေးပွဲများမှာ အိုင်တီပညာ ရှင်များအဖြစ် အသက်မွေးဝမ်း ကျောင်းပြုလိုသော ကျောင်းသား၊ ကျောင်းသူ များ၊ အသင်းဝင်များအတွက် အရည်အချင်းကို အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည် စစ်ဆေးသော စာမေးပွဲများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲသည် Professional နယ်ပယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်ပြီး စာမေးပွဲ အောင်မြင်သူများ သည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်နိုင်သည့် အခြေအနေသို့ ရောက်မည် ဖြစ်သည်။ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့တွင် တစ်ပြိုင်နက် ကျင်းပစစ်ဆေးသွား မည်ဖြစ် ကြောင်းသိရသည်။ စာမေးပွဲ ဖြေဆိုလိုသူများ အနေဖြင့် ဇွန်လ ၁၈ ရက်တွင် နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ပြီး စာမေးပွဲကြေးအနေဖြင့် ၂၀,၀၀၀ ကျပ် နှင့် MCPA အသင်းဝင်များအား ၅၀ရာခိုင်နှုန်း လျှော့ချပေးမည်ဖြစ် ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း ဖုန်း-၆၅၂၂၇၆၊ ၀၉၇၃၀၈၈၃၀၀ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com