5/27/2015

♪ သုံးစွဲသူများ အင်တာနက် အခမဲ့အသုံးပြုနိုင်ရန် အင်ဒိုနီးရှား ဖုန်းကုမ္ပဏီ Evercoss ပြုလုပ်ပေးသွားမည် ♫


အင်ဒိုနီးရှား ဟန်းဆက် ထုတ်လုပ်သည့်  Evercoss  ကုမ္ပဏီသည် အင်ဒိုနီးရှားရှိ ဖုန်းသုံးစွဲသူ ထက်ဝက်ထံသို့ စမတ်ဖုန်းများ ရောင်းချပေးရန် အစီအစဉ် တစ်ခုထုတ်ပြန်ခဲ့သည်။ ထိုသို့ စမတ်ဖုန်းများ ရောင်းချနိုင်ရန်အတွက် နော်ဝေ software ကုမ္ပဏီ Opera နှင့်အကျိုးတူ ပူးပေါင်းမှုပြုလုပ်ခဲ့သည်။ Evercoss ၏ feature ဖုန်းအချို့တွင်လည်း Opera Mini browser များ pre-install ပြုလုပ်ထားပြီး ဖြစ်ကြောင်းသိရသည်။

အဆိုပါကနဦး အစီအစဉ်မှာ ၁ ဘီလီယံခန့် ရှိသည့်လူများ အွန်လိုင်းအသုံးပြုခွင့် ရရှိလာစေရန် ကြိုးပမ်းမှုဖြစ်ပြီး အင်တာနက် အနည်းငယ် သို့မဟုတ် အသုံးပြုခွင့် မရသည့် 2G ဖုန်းသုံးစွဲသူများအပေါ် အာရုံစိုက်သွားမည် ဖြစ်သည်။ ၎င်းအစီအစဉ်သည် ဖုန်း သို့မဟုတ် data plan များ ပိုမိုရောင်းချရစေရန် ရည်ရွယ်၍ အင်ဒိုနီးရှား နိုင်ငံသားများကို အင်တာနက် အခမဲ့အသုံးပြုခွင့် ပေးသွားမည့် ဈေးကွက်ရှာဖွေရေး အစီအစဉ်တစ်ခုဖြစ်ကာ လူမှုရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။ Opera အနေဖြင့် ၎င်းတို့၏ browser မှတစ်ဆင့် သုံးစွဲသူများ ကိုယ်စား အချိန်နှင့်ပမာဏ သတ်မှတ်ထားပြီးသား data ပြောင်းလွှဲသည့် စရိတ်များကို third party ကကျခံပေးမည့် “sponsored web-pass”  ဟု အမည်ရသော အစီအစဉ်ရှိသည်။

၎င်းအစီအစဉ်တွင် အင်ဒိုနီးရှား၏ အကြီးဆုံးမိုဘိုင်း အော်ပရေတာ Telkomsel လည်း ပါဝင်လျက်ရှိပြီး အဆိုပါ အော်ပရေတာ သုံးစွဲသူများသည် Operat Mini browser သုံးစွဲပါက သုံးနာရီ data package (15 MB ပမာဏ) တစ်ခုကို အခမဲ့ရရှိမည်ဖြစ်သည်။ ထိုအစီအစဉ်သည် သုံးစွဲသူများက Evercoss ကြော်ငြာ တွင်းရှိ စစ်တမ်းတစ်ခု ဖြည့်စွက်ရမည်ဖြစ်ပြီး ဝက်ဘ်အသုံးမပြုမီ ဖုန်းမော်ဒယ်သစ်များကို ရောင်းချပေး သွားမည်ဖြစ်သည်။  ထို့နောက် အင်တာနက်အား သုံးနာရီ သို့မဟုတ် 15MB အသုံးပြုပြီးလျှင် Telkomsel မှ data package များ ဝယ်ယူနိုင်မည် ဖြစ်သည်။

အင်ဒိုနီးရှား လူမျိုး ၅၄ ရာခိုင်နှုန်းသည် feature ဖုန်းများကို အသုံးပြုနေကြကြောင်း၊ ကုမ္ပဏီအနေဖြင့် 3G  ရရှိသည့် စမတ်ဖုန်းများ ရရှိစေရန် ကူညီပေးလိုကြောင်း Evercoss  အမှုဆောင် အရာရှိချုပ် ရစ်ကီတန်နူဒီဘရာတာက ပြောဆိုခဲ့သည်။ အဆိုပါ အစီအစဉ်သည် သုံးစွဲသူများကို အသစ်ထွက်ရှိသည့် ဖုန်းမော်ဒယ်များ မိတ်ဆက်ရန် အခွင့်အလမ်း ဖြစ်ကြောင်း၊ သုံးစွဲသူများ၏ feature ဖုန်းများတွင် အင်တာနက် သုံးစွဲသည့် အတွေ့အကြုံကို ပေးအပ်လိုကြောင်း ၎င်းက ပြောဆိုခဲ့သည်။

Ref: TechInAsia
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com