Samsung
အီလက်ထရွန်းနစ်သည် Galaxy Tab A စီရီး မော်ဒယ်သစ် Tablet PC နှစ်မျိုးကို
ပြည်တွင်း၌ ယခုလ ၁၇ ရက်က မိတ်ဆက်ခဲ့ပြီး အဆိုပါ Galaxy Tab A အား ၈
လက်မနှင့် ၉.၇ လက်မဟူ၍ အရွယ်အစားနှစ်မျိုး ပြည်တွင်း၌
ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီနောက်ဆုံးထုတ်ကုန်မှာ Samsung Galaxy Tab Series ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဆက်သွယ်ချိတ်ဆက် သုံးစွဲရတာ ပိုမို အဆင်ပြေစေဖို့ပါ။ ဒီ Tablet ကို အသုံးပြုသူတွေအနေနဲ့ ဘယ်လို အကြောင်းကိစ္စတွေကိုဖြစ်စေ၊ လူပုဂ္ဂိုလ်တွေ၊ မိသားစုဝင်တွေကဖြစ်စေ၊ သူငယ်ချင်း၊ လုပ်ဖော် ကိုင် ဖက်တွေဆီက ဖြစ်စေ လိုအပ်သလို ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် အလုပ်နဲ့ ဖျော်ဖြေရေး အကြောင်းအရာတွေ အတွက် အခြား Samsung Device တွေနဲ့ပါ အလွယ်တကူ ချိတ်ဆက်နိုင်မှာပါ" ဟု Samsung Myanmar ၏ မန်နေဂျင်းဒါရိုက်တာ Mr Nam Si Ahn ကပြောသည်။
Galaxy Tab A ကို အဖြူနှင့် မီးခိုး (Smoky Titanium) ဟူ၍ အရောင်နှစ်မျိုးဖြင့် ၀ယ်ယူနိုင်ပြီး ၈ လက်မအရွယ်အစားကို ၃၇၆,ဝဝဝ ကျပ်ဖြင့်လည်းကောင်း၊ ၉.၇ လက်မ အရွယ်အစားကို ၄၃ဝ,ဝဝဝ ကျပ်ဖြင့် လည်းကောင်း Samsung Brand Shops များနှင့် အမြို့မြို့အနယ်နယ်ရှိ လက်လီအရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

Internet Journal