စင်ကာပူနိုင်ငံမှ
Ecube International Pte.Ltd နှင့် မြန်မာနိုင်ငံမှ Sustainable
Development Group တို့ပူးပေါင်းကာ ပထမဆုံးအကြိမ် လူငယ်အင်ဂျင်နီယာများ၊
Architect များနှင့် အခြား building professional များ အတွက် Energy
Savings, Green Buildings နှင့် Indoor Environmental Quality
နှင့်ပတ်သက်သော ဗဟုသုတနှင့် အတွေ့အကြုံများကို
အခမဲ့သင်ကြားပို့ချပေးသွား မည် ဖြစ်ကြောင်း သိရသည်။
Mechanical, Electrical, Electronics, Mechatronics, Civil & Architect ဘွဲ့ရရှိထားသူများ စာရင်းပေးသွင်းထားနိုင်ပြီး အခြားစိတ်ဝင်စားသူများရှိပါက တက်ရောက်နိုင်ခြင်း ရှိ၊ မရှိကို သင်တန်းသို့ ဆက်သွယ်မေးမြန်းနိုင်သည်။
ဤသင်တန်းမှ ထူးချွန်သူများအား ရွေးချယ်၍ အသက်မွေးဝမ်းကျောင်းပြုလုပ်နိုင်ရန် လက်တွေ့အလုပ်သင် သင်တန်းများနှင့် လက်တွေ့လုပ်ငန်းများကို ဆက်လက် သင်ကြားပေးသွား မည်ဖြစ်ပြီး အောင်မြင်သူများကို စင်ကာပူနှင့် မြန်မာနိုင်ငံတို့တွင် အလုပ်ဝင်ရောက်လုပ်ကိုင်နိုင်ရန် လည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တက်ရောက်လိုသူများ အနေဖြင့် အမှတ် (၃-အေ)၊ မြေနီကုန်းပလာဇာ၊ စမ်းချောင်းမြို့နယ်၊ ဖုန်း - ၀၉ ၂၆၁၂၆ ၂၈၂၀၊ ၀၉ ၂၆၁၂၆၂၈၂၁ သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်မည်ဖြစ်သည်။

Internet Journal