5/25/2015

♪ စွမ်းဆောင်ရည်မြင့် HTC J Butterfly ကို ဂျပန်တွင် ရောင်းချ ♫

1

HTC က စွမ်းဆောင်ရည်မြင့် J Butterfly ကို ဂျပန်တွင် ရောင်းချလိုက်ပါသည်။

J Butterfly တွင် ၅.၂ လက်မအရွယ် Super LCD3 Display တပ်ဆင်ထားပြီး QHD အမျိုးအစားဖြစ်ပါသည်။ Snapdragon 810 Chipset မောင်းနှင်မည် ဖြစ်သည်။ 3GB RAM, 32GB Storage အပြင် microSD Card ထည့်သွင်းနိုင်ပါသည်။

J Butterfly ၏ အဓိက Specification မှာ အနောက်ဘက်တွင် 20.2MP ကင်မရာနှစ်လုံး တပ်ဆင်ထားခြင်း ဖြစ်ပါသည်။ အဓိက ကင်မရာသည် 2160p Video များကို ရိုက်ကူးနိုင်ပါသည်။ အရှေ့ ဘက်တွင် 13MP Camera တပ်ဆင်ပေးထားပါသည်။

အနီ၊ အဖြူ၊ အပြာရောင်များ ထုတ်လုပ်ပေးထားပြီး အနောက်ဘက်အခွံကို တောက်ပြောင်စေ ရန် ပြုလုပ်ပေးထားပါသည်။ 2700mAh Battery ပါရှိပြီး လျှင်မြန်စွာ အားသွင်းနိုင်သည့် စွမ်းဆောင်ချက်ပါရှိ ပါသည်။ အရှေ့ဘက်တွင် စပီကာနှစ်ခုကို တပ်ဆင်ပေးထားပြီး အသံအရည်အသွေးမြင့်မားပါသည်။

HTC J Butterfly ကို ဂျပန်တွင် ဇွန်လ အစောပိုင်း၌ ရောင်းချမည် ဖြစ်သော်လည်း ဈေးနှုန်းကို မသိရသေး ပါ။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com