5/25/2015

♪ Gmail အသုံးပြုသူများအတွက် Tips (၇) ခု ♫

1

အီးမေး အသုံးပြုမှုဟာ အခုခေတ်မှာ တော်တော်တွင်ကျယ်လာပါပြီ။ အီးမေးလို့ ဆိုရင်တော့ Gmail ကိုပဲ အများစုက ပြေးမြင်မိကြမှာပါ။ ကျွန်တော်တို့ နိုင်ငံမှာလည်း Gmail ကိုပဲ အများဆုံး အသုံးပြုနေကြတာပါ။ အထူးသဖြင့် အီးမေးအသုံးပြုတဲ့ ကိရိယာတွေထဲမှာလည်း မိုဘိုင်းဖုန်းကို အသုံးပြုသူ အများဆုံးဖြစ်တဲ့အတွက် Gmail ( Android App) ကို အသုံးပြုမှုဟာ ပိုများတယ်ဆိုတာ ပြော စရာတောင်မလိုပါဘူး။ Google က Gmail ကို ပလက်ဖောင်းမျိုးစုံမှာ စွမ်းဆောင်ချက်တွေ ပိုကောင်းအောင် အစဉ်အမြဲပြုလုပ်ပေးနေပါတယ်။ ဒီ Tutorial မှာတော့ Gmail ( Android ) အသုံးပြုသူများအတွက် အသုံးဝင်တဲ့ နည်းလမ်း ခုနစ်ခုကို တင်ပြလိုက်ပါတယ်။

အခု Tutorial မှာ Gmail ( Android ) နောက်ဆုံးဗားရှင်းကို အသုံးပြုထားပါတယ်။

Inboxes များကို ပေါင်းစည်းပါ။

Gmail (Android) နောက်ဆုံး ဗားရှင်းမှာ Google Account များစွာမှ အီးမေးများကို တစ်နေရာထဲကနေ မြင်တွေ့နိုင်မယ့် All Inboxes ပါရှိလာပါတယ်။ ဥပမာအားဖြင့် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အီးမေးနဲ့ အလုပ်အီးမေး အကောင့်နှစ်ခုမှ အီးမေးများကို All Inboxes တစ်နေရာထဲကနေ ဖတ်ရှုနိုင်ပါတယ်။

Gmail မှာ အကောင့်များ ထည့်သွင်းပြီးသွားရင် ဘယ်ဘက်အပေါ်ထောင့်မှ Menu ကိုနှိပ်ပြီး All inboxes ကို ရွေးချယ်ပါ။

အကောင့်တစ်ခုချင်းစီကို သီးခြား ကြည့်ရှုချင်ရင် Menu ကိုတစ်ချက်နှိပ် All inboxes အပေါ်မှ drop-down menu ကိုနှိပ်ပြီး ပြောင်းလဲနိုင်သလို profile picture ပေါ်ကနေ ဘယ် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပြီး ပြောင်းလဲနိုင်ပါတယ်။

1
 
လျှင်မြန်စွာ အလုပ်လုပ်ပါ။ 

Gmail App ရဲ့ နေရာတိုင်းမှာ အလုပ်တွေကို လျှင်မြန်စွာ လုပ်နိုင်တဲ့ နည်းလမ်းများ ပါရှိပါတယ်။ အီးမေးတစ်ခုကို ဘယ် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပြီး လျှင်မြန်စွာ Archive လုပ်နိုင်ပါတယ်။ Archive လုပ်ရင် အီးမေးကို Inbox ကနေ All mail ထဲပြောင်းပေးမှာ ဖြစ်တဲ့အတွက် လုံခြုံစွာ သိမ်းဆည်းထားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Inbox ကို ရှင်းလင်းပေးတာလည်း ဖြစ်ပါတယ်။
နောက်တစ်ခုက Profile Picture တွေကို တစ်ချက်စီနှိပ်ပြီး အီးမေးများစွာကို တစ်ပြိုင်နက် Select လုပ်နိုင်ပါတယ်။ ဒီလို Select လုပ်ရင် Profile Picture တွေကို Check Mark အနေနဲ့ ပြသပေးမှာပါ။ Select လုပ်ပြီးရင် ညာဘက်အပေါ်ထောင့်မှ More Menu (ဒေါင်လိုက် အစက်များ) ကနေ အီးမေးများကို Archive, Delete, Mark as Read/Unread စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်နိုင်ပါတယ်။

2
 
Sync ပြုလုပ်မှုကို ထိန်းချုပ်ပါ။ 

Gmail မှာ အီးမေးအသစ်တွေကို မမြင်ရရင်တော့ Sync ပြုလုပ်ထားခြင်း မရှိလို့ ဖြစ်နိုင်ပါတယ်။ Settings ထဲသွားပြီး အကောင့်တစ်ခုကို ရွေးချယ်ပါ။ Data Usage အောက်မှ “ Days of email to sync” မှာ ရက် သုံးဆယ် ဒါမှမဟုတ် နှစ်သက်သလောက် သတ်မှတ်ပေးပြီး အိုကေ နှိပ်ပါ။

သူ့အောက်က Manage labels ထဲကို သွားရင် Label အားလုံးကို တွေ့ရမှာ ဖြစ်ပါတယ်။ Label တစ်ခုချင်းစီထဲသွားပြီး Sync message ကို နှိပ်ပါ။ ဒါဆိုရင် Sync ပြုလုပ်မယ့် Settings ကို သတ်မှတ်နိုင်ပါတယ်။ Label Settings မှာပဲ Notifications အောက်မှာ အဲဒီ Label နဲ့ အီးမေးအသစ်ဝင်လာရင် အသံ၊ တုန်ခါမှုနဲ့ အသိပေးဖို့ သတ်မှတ်နိုင်ပါတယ်။

3
 
စမတ်ကျစွာ ရှာဖွေပါ။ 

Gmail App မှာ Web Version လိုပဲ Search Function တွေ စုံလင်ပါတယ်။ ဥပမာအားဖြင့် “ older_than:1y” ဒါမှမဟုတ် “ older_than:1d” လို့ ရိုက်ပြီး ရှာရင် လွန်ခဲ့တဲ့ တစ်နှစ်ကျော် ဒါမှမဟုတ် လွန်ခဲ့တဲ့ တစ်ရက်ကျော်က အီးမေးတွေကို ပြသပေးမှာပါ။ Web Version မှာ အသုံးပြုလို့ရတဲ့ ရှာဖွေမှုဖန်ရှင်အားလုံး နီးပါးကို Gmail App မှာ အသုံးပြုနိုင်ပါတယ်။ Google က Gmail အတွက် Search Function တွေကို အောက်ပါ Webpage မှာ တစ်စုတစ်စည်းထဲ ပြသပေးထားပါတယ်။

https://goo.gl/C66yI

4
 
Conversation များကို Mute လုပ်ပါ။ 

Gmail မှာ အလုပ်ကိစ္စအရ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ ကိစ္စအရ တစ်စုံတစ်ယောက် သို့မဟုတ် လူများစွာနဲ့ အပြန်အလှန် အီးမေးပေးပို့ ဆက်သွယ်ဖူးကြမှာပါ။ ဒီလို အပြန်အလှန် ပေးပို့ကြတဲ့ အီးမေးတွေကို Thread or Conversation လို့ ခေါ်ကြပါတယ်။ အဲဒီ Thread or Conversation ဟာ သင့်အတွက် အသုံးမ၀င်တော့တဲ့ အချိန်ကြရင် Mute လုပ်နိုင်ပါတယ်။ Mute လုပ်လိုက်တဲ့ Thread တစ်ခုမှ အီးမေးအသစ်များ ၀င်လာရင် အလိုအလျှောက် Archive ထဲကို ပို့ပေးမှာ ဖြစ်တဲ့အတွက် Inbox မှာ မျက်စိမရှုပ်တော့ပါဘူး။ ( အဲဒီ အီးမေးများကို Unread အဖြစ် သတ်မှတ်ပေးထားပါတယ်။ )ဒီလိုလုပ်ဖို့ Thread or Conversation တစ်ခုထဲသွားပြီး More Menu ( ဒေါင်လိုက် အစက်များ) ကိုနှိပ်ပြီး Mute လုပ်ပါ။

5
 
Auto-Advance ကို အသုံးပြုပါ။

Auto-Advance က အီးမေးများစွာနဲ့ အလုပ်လုပ်ဖို့ လိုအပ်လာရင် အသုံးဝင်ပါတယ်။ အီးမေးတစ်ခုကို ဖတ်ပြီးလို့ Archive or Delete လုပ်ရင် သင်ဟာ Inbox ထံ ပြန်လည်ရောက်ရှိသွားမှာပါ။ အဲဒီအတွက် နောက်ထပ် အီးမေးတစ်ခုကို ဖတ်ချင်ရင် နောက်ထပ်ခလုတ်တစ်ချက်နှိပ်ရမှာ ဖြစ်ပါတယ်။ Auto-Advance ကို အသုံးပြုရင် Inbox ထံ ပြန်လည်ရောက်ရှိမှာ မဟုတ်ဘဲ နောက်ထပ် အီးမေးတစ်ခုကို ပြသပေးမှာပါ။

Settings ထဲမှ General Settings ထဲသွားပါ။ Auto-advance ကို နှိပ်ပြီး Newer or Older သတ်မှတ်နိုင်ပါတယ်။

6
 
သင့်အီးမေးများကို နေရာတကျဖြစ်အောင် Gmail ကို လေ့ကျင့်ပေးပါ။ 

Gmail မှာ Priority, Inbox , Spam စသဖြင့် Inbox များစွာ ပါရှိပါတယ်။ ဒါပေမယ့်လည်း အရေးမကြီးတဲ့ အီးမေးများဟာ Priority Inbox ထဲရောက်ရှိနေတတ်ပြီး အရေးကြီးတဲ့ အီးမေးများဟာ Spam ထဲရောက်နေတတ်ပါတယ်။ အဲဒီအတွက် သင်က Gmail ကို လေ့ကျင့်ပေးထားသင့်ပါတယ်။

ဥပမာအားဖြင့် အရေးမကြီးတဲ့အီးမေးတစ်ခုကို Important အဖြစ် သတ်မှတ်ထားရင် ညာဘက်အပေါ်ထောင့်မှ Menu ကိုနှိပ်ပြီး “ Mark as not important “ ကို သတ်မှတ်ပေးပါ။ Spam မှာ အရေးကြီးအီးမေးတစ်ခုကို တွေ့ရင် Menu ကိုနှိပ်ပြီး “ Mark important” ဒါမှမဟုတ် “ Report note spam “ ကို နှိပ်ပါ။ အခြား အီးမေးများကိုလည်း ဒီနည်းအတိုင်းပဲ သက်ဆိုင်ရာ ဖိုဒါသို့ ပြောင်းရွှေ့နိုင်ပါတယ်။ Gmail က ဘယ်အီးမေးကို ဘယ်နေရာမှာ သိမ်းရမလဲဆိုတာ လေ့လာသိရှိနိုင်ပြီး နောက်ပိုင်းမှာ အဲဒီ အမှားများ မဖြစ်အောင် စီမံပေးမှာ ဖြစ်ပါတယ်။

7


Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com