5/26/2015

♪ Facebook Messenger ကို Desktop တွင် အသုံးပြုနည်း နှစ်နည်း ♫

1

Facebook က ပြီးခဲ့တဲ့နှစ်မှာ Facebook Mobile App ကနေ Messenger ကို ခွဲထုတ်လိုက်ပါတယ်။ အခုလည်း Messenger.com ၀က်ဆိုက်ကို ပြုလုပ်ပေးခြင်းဖြင့် Laptop နဲ့ Desktop Computer များမှာ Messenger ကို သီးခြား အသုံးပြုနိုင်အောင် ပြုလုပ်ပေးလိုက်ပါတယ်။ အခုဆိုရင် Message ပေးပို့ ရယူဖို့အတွက်ပဲ ဆိုရင်တော့ News Feed နဲ့ အခြား Facebook မှ အနှောင့်အယှက်များကို မြင်တွေ့စရာ မလိုတော့ပါဘူး။

www.messenger.com ကို သွားပြီး သင့် Facebook အကောင့်နဲ့ Log In ၀င်ပါ။ ၀က်ဆိုက်ရဲ့ ဒီဇိုင်းဟာ Messenger Mobile App နဲ့ ဆင်တူအောင် ပြုလုပ်ပေးထားတဲ့အတွက် အကျွမ်းတ၀င်ရှိနေမှာပါ။ ဒါပေမယ့် ၀က်ဆိုက်မှာ ကော်လံ သုံးခုပါတဲ့ Layout ကို အသုံးပြုထားပါတယ်။ ဘယ်ဘက်မှာတော့ Settings Button , Message အသစ်တစ်ခုရေးသားဖို့ ခလုတ်တစ်ခုနဲ့အတူ Conversations များကို ပြသပေးထားပါတယ်။ အလယ်ကော်လံမှာ လက်ရှိ ဒါမှမဟုတ် ရွေးချယ်ထားတဲ့ Conversation ကို ပြသပေးထားပါတယ်။ Conversation မှာ သင်နဲ့ စကားပြောနေသူကို ညာဘက်မှာ ပြသပေးထားပြီး အဲဒီ Conversation အတွက် Notifications တွေကို Mute လုပ်ဖို့ Check Box တစ်ခုပါရှိပါတယ်။ Settings ထဲမှာ Notifications နဲ့ အသံ အားလုံးကို Disable လုပ်နိုင်ပါတယ်။ Message တစ်ခုကို ရေးသားရင် Mobile App မှာလိုပဲ Emoji, Stickers, Photos , Thumbs-Up တို့ကို ထည့်သွင်းနိုင်ပါတယ်။

1

Messenger အတွက် Browser Tab တစ်ခု မဖွင့်ချင်တဲ့ Mac User များအတွက် Messenger for Mac App ရှိပါတယ်။ အဲဒီ App ကို Facebook က ပြုလုပ်ပေးထားတာမဟုတ်ပါဘူး။ Open Source Project အနေနဲ့ Messenger ပရိသတ်တစ်ယောက်က ပြုလုပ်ပေးထားတာပါ။ အဲဒီ App ကိုလည်း Facebook ရဲ့ Messenger Mobile App နဲ့ ဒီဇိုင်းဆင်တူအောင်ပြုလုပ်ပေးထားပါတယ်။ App ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ချက်က Menu Bar ကနေ အသုံးပြုနိုင်တာပါ။ လိုအပ်ချက်နှစ်ခုက Notification နဲ့ Badges မပါရှိသေးတာပါ။ Developer ကတော့ မကြာမီ ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ Messenger for Mac App ကို အောက်ပါ လင့်ကနေ ရယူနိုင်ပါတယ်။

http://goo.gl/7y9axs

2

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com