5/26/2015

♪ ပါးလွှာသော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် Kenbo Fly O21 စမတ်ဖုန်း ဈေးကွက် ဝင်ရောက်မည် ♫


ပါးလွှာသော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသော Kenbo အမှတ်တံဆိပ် Fly O21 မော်ဒယ် စမတ်ဖုန်းကို ဇွန်လ လဆန်းပိုင်းတွင် ပြည်တွင်း ဈေးကွက်၌ ဝယ်ယူနိုင် မည် ဖြစ်ကြောင်း Kenbo Smartphone Myanmar မှသိရသည်။

အဆိုပါ မော်ဒယ်သစ် စမတ်ဖုန်းသည် GSM နှစ်ကတ်သုံးဖုန်း အမျိုးအစားဖြစ်ပြီး 2G နှင့် 3G ကွန်ရက် နှစ်မျိုးတွင် အသုံးပြုနိုင်မည်ဖြစ်သည်။  မြင်ကွင်းအရွယ်အစား ၅.၅ လက်မရှိသော HD IPS Display ကို အသုံးပြုထားပြီး အမြန်နှုန်း 1.3 GHz ရှိ Quad-core CPU၊ 2GB RAM နှင့် အချက်အလက် သိုလှောင်မှုအတွက် Internal Memory 16GB ပါဝင်မည့် အပြင် 32GB ထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်မည် ဖြစ်သည်။ 13MP နောက်ကင်မရာနှင့် 5MP ရှေ့ဘက်ကင်မရာများ ပါဝင်ပြီး Android OS v5.0 (Lollipop) ကိုထည့်သွင်းထားကြောင်း သိရသည်။

ဘက်ထရီ ၁၀ ရာခိုင်နှုန်းရှိရုံဖြင့် ၄ နာရီကြာခန့် အသုံးပြုနိုင်မည့် power saving စနစ်ထောက်ပံ့ ပါဝင်ပြီး ဘက်ထရီမှာ 4000mAh အမျိုးအစားကို အသုံးပြုထားသည်။

Kenbo Fly O21 ကို ငွေနှင့် ရွှေမင်အရောင်နှစ်မျိုးဖြင့် ထုတ်လုပ်ထားပြီး ၎င်း Kenbo စမတ်ဖုန်းကို တန်ဖိုး ၁၂၉,ဝဝဝ  ကျပ်ဖြင့်ဝယ်ယူနိုင်မည့်အပြင် ကြိုတင်မှာယူလိုသူများ အနေဖြင့်လည်း ငွေကျပ် တစ်သောင်း စရံပေး၍ မှာယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ ကြိုတင်မှာယူလိုသူများအနေဖြင့် ၂ဝ.၅.၂ဝ၁၅ မှ ၃၀.၅.၂ဝ၁၅ အတွင်း Kenbo Smartphone Facebook စာမျက်နှာရှိ အရောင်းဆိုင်များမှ တစ်ဆင့်မှာယူနိုင်မည်ဖြစ်ပြီး ကြိုတင်မှာယူသူများကို မှန်မကွဲသည့် Screen guard လက်ဆောင်အနေဖြင့် ထည့်သွင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com