5/26/2015

♪ HTC One 9 ရဲ့ အားနည်းချက် ၊ အားသာချက် ၊ နည်းပညာ ၊ သုံးသပ်ချက် နှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
ဖုန်းမှာထည့်သွင်း အသုံးပြု ဖွဲ့စည်းထားတဲ့ CPU, GPU, Memory အစရှိတဲ့ စနစ်ပိုင်းတွေ မှာ မြင့်မားကောင်းမွန် ပါတယ်။ ကင်မရာ ပိုင်းမှာလည်း Mega Pixel မြင့်မားတဲ့ ကင်မရာကို အသုံးပြုထားတာဖြစ်ပြီး ရှေ့ကင်မရာ ပိုင်းမှာလည်း  ပိုမိုကောင်းမွန် လာပါတယ်။ မြန်မာစာဖောင့် စနစ် အတွက် ပိုမိုကောင်းမွန်တဲ့ မြန်မာစာ စနစ်တွေ တိုးမြှင့်ပါဝင် လာတဲ့အပြင် ကီးဘုတ်စနစ် ပိုင်းမှာလည်း အရင်ထွက်ခဲ့တဲ့ HTC တွေနဲ့ လုံးဝကွဲပြား ခြားနားတဲ့ မြန်မာစာ ကီးဘုတ်ပုံစံ အသစ်ကို မြင်တွေ့ရမှာပါ။ အသံစနစ်ပိုင်း အတွက်လည်း ပုံမှန်ပါဝင်နေကျ Boom Sound စနစ်ကို Dolby Audio Surround နဲ့အတူ အဆင့်မြှင့်တင် ပေါင်းစပ်ပေးထားပါတယ်။

အားနည်းချက်
ဖုန်းတစ်ခုလုံးဟာ ချောမွေ့တောက်ပြောင်တဲ့ သတ္တုကိုယ်ထည်နဲ့ ဖွဲ့ စည်းတည်ဆောက် ထားတာဖြစ်တဲ့ အတွက် ကိုင်တွယ် အသုံးပြုချိန်မှာ လက်ထဲကနေ အလွယ်တကူ လွတ်ကျခြင်းတွေကို ဂရုစိုက်ရ ပါလိမ့်မယ်။

ဒီဇီုင်း
ပုံစံဒီဇိုင်း ပိုင်းမှာတော့ ဒီဖုန်းဟာ ရှေ့ကထွက်ခဲ့တဲ့ M8 လိုပုံစံမျိုးပဲ ဖြစ်ပေမယ့် ကိုယ်ထည် တည်ဆောက်မှု အပိုင်းမှာတော့ M8 နဲ့ ကွဲပြားခြား နားမှုရှိပါတယ်။ အနားထောင့် လေးဖက်အနည်းငယ် ဝိုက်တဲ့ပုံစံမျိုးနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာဖြစ်ပြီး ကိုယ်ထည် တစ်ခုလုံးကိုတော့ Dual Metal Tone လို့ခေါ်တဲ့ နှစ်ရောင်စပ် သတ္တုကိုယ်ထည် ပုံစံမျိုး တည်ဆောက် ထားတာပါ။ ဖုန်းကိုယ်ထည် တစ်ခုလုံးဟာ သတ္တုကိုယ်ထည်ဖြစ်ပြီး လှပတဲ့ ကိုယ်ထည်ဖွဲ့စည်း တည်ဆောက်မှု ပုံစံမျိုးရှိပါတယ်။ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၄၆ စင်တီမီတာရှိပြီး ဘေးတိုက် အကျယ်ကတော့ ၆.၉၇ စင်တီမီတာ ရှိပါတယ်။ အရွယ်အစားအရ လက်နဲ့ကိုင်တွယ် အသုံးပြုချိန်မှာ ကောင်းမွန်တဲ့ အရွယ်အစားမျိုးဖြစ်ပြီး ထုထည်ကတော့ ၀.၉၆ စင်တီမီတာ ရှိတဲ့အတွက် ပါးလွှာတဲ့ ဖုန်းအမျိုးအစားတော့ မဟုတ်ပေမယ့် နောက်ဘက် ကာဗာအနည်းငယ် ခုံးတဲ့ပုံစံကြောင့် ဘေးဘောင်တွေ ပါးသွားတဲ့အတွက် ဖုန်းဟာ အရမ်းထူတယ်လို့ သိပ်မခံစားရပါဘူး။ အလေးချိန်ကတော့ ၁၅၇ ဂရမ်ရှိပါတယ်။ ဖုန်းခလုတ်တွေရဲ့ ဖွဲ့စည်းပုံဟာလည်း ဆန်းသစ်လာပါတယ်။ ဖုန်းရဲ့ ညာဘက် ဘေးဘောင်မှာ အသံအတိုးအကျယ် Volume Key ဟာ အရင်လို အတန်းလိုက် ပုံစံမျိုး မဟုတ်တော့ဘဲ ခလုတ်တစ်ခုချင်းစီ ပြုလုပ်ထားတဲ့ အပြင် ပါဝါခလုတ်ကိုလည်း Volume Key ရဲ့အောက်နားမှာပဲ တပ်ဆင်ထားတာ တွေ့ရပါတယ်။ စပီကာတွေကိုတော့ ဖုန်းမျက်နှာပြင်ရဲ့ အထက်နဲ့အောက် နှစ်နေရာမှာ တပ်ဆင်ထားတာပါ။

ကွန်ရက်
GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G /4G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ Nano Sim တစ်ကတ်သာ ထည့်သွင်း အသုံးပြုနိုင်မယ့် Single Sim ဖုန်းအမျိုးအစားပါ။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၅.၀ လက်မရှိပြီး Super LCD3 capacitive touchscreen အမျိုးအစားပါ။ Screen Resolution အနေနဲ့ 1080 x 1920 Pixel (~441 ppi pixel density) ရှိပါတယ်။

နည်းပညာ
နည်းပညာ ပိုင်းမှာတော့ M9 ဟာ HTC ရဲ့နည်းပညာသစ် တော်တော်များများကို ပေါင်းစပ်ဖွဲ့စည်း လာတာတွေ့ရပါတယ်။ အသံစနစ်ပိုင်းမှာ အရင်က Boom Sound စနစ်ကိုပဲ အသုံးပြုခဲ့ပေမယ့် ဒီဖုန်းမှာတော့ Boom Sound ကို Dolby Audio Surround စနစ်နဲ့ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်တဲ့ အသံစနစ်ပိုင်းကို ဖန်တီးထားတာ တွေ့ရမှာပါ။ OS ဟာ 5.0 ဖြစ်တဲ့အတွက် မြန်မာစာ ထောက်ပံ့မှု စနစ်ဟာ ယူနီကုတ် မြန်မာစာစနစ် ဖြစ်နေပေမယ့် ပြည်တွင်းက ဇော်ဂျီအသုံးပြု စနစ်တွေ အတွက် လည်း ဇော်ဂျီမြန်မာစာ စနစ်ကိုတစ်ပါတည်း ထည့်သွင်းပေး ထားတာတွေ့ရပါတယ်။ မြန်မာစာဖောင့် စနစ်မှာပုံမှန် ယူနီကုတ်မြန်မာနဲ့ ဇော်ဂျီမြန်မာစာ စနစ်တွေအပြင် English (Myanmar - Unicode) စနစ်နဲ့ English (Myanmar -  Zawgyi) စနစ်တွေကိုပါ ဖြည့်စွက် ပေးထားတဲ့အတွက် ပြည့်စုံတဲ့ ဖောင့် စနစ်တွေလို့ ဆိုနိုင်ပါတယ်။ ကီးဘုတ် စနစ်မှာလည်း ကိုယ်အသုံးပြုတဲ့ မြန်မာစာပေါ်မူတည်ပြီး ကီးဘုတ်က အလိုအလျောက် ပြောင်းလဲပြုလုပ် ပေးနိုင်တဲ့စနစ်ပါ ဝင်ပါတယ်။

ဥပမာ Message ထဲကိုရောက်ရင် ကီးဘုတ်ဟာ ဇော်ဂျီဖြစ်မှာဖြစ်ပြီး ယူနီကုတ် ဝက်ဘ်ဆိုက်ပေါ် ရောက် ချိန်မှာတော့ ကီးဘုတ်ဟာ ယူနီကုတ် ဖြစ်နေမှာပါ။ ဒါ့အပြင် ထူးခြားချက် တစ်ခုကတော့ ကီးဘုတ် အသုံးပြုချိန်မှာ ဇော်ဂျီစနစ် အသုံးပြုတဲ့ ဖုန်း Message လိုနေရာမျိုးမှာ ယူနီကုတ် ကီးဘုတ်နဲ့စာ ရိုက်မယ် ဆိုရင်လည်း ဇော်ဂျီ လက်ကွက်အတိုင်း ရိုက်နိုင်တဲ့အပြင် ဖောင့်တွေကိုလည်း အမှန်အတိုင်း ဖော်ပြပေးနိုင် တာ တွေ့ရပါတယ်။ ဒါဟာလည်း ဖောင့်စနစ်နဲ့ ကီးဘုတ် နည်းပညာသစ် တစ်ခုပါပဲ။ Customisable  Navigation bar လို့ခေါ်တဲ့ စနစ်ဟာလည်း HTC ရဲ့နည်းပညာသစ် တစ်ခုပါပဲ။

ဒီစနစ်ကတော့ ဖုန်းရဲ့အောက်ခြေမှာ ရှိနေတဲ့ Android Key တွေဖြစ်တဲ့ Home, Back, Menu အစရှိတဲ့ Key တွေကို ကိုယ်လိုအပ်သလို ဘယ်၊ ညာ၊ အလယ်၊ အစရှိသဖြင့် ရွှေ့ပြောင်း အသုံးပြု နိုင်ပါတယ်။ ဒီဘားတန်းထဲမှာ Key စနစ် ၄ မျိုးကိုထည့်သွင်း အသုံးပြုနိုင်ပြီး ပြောင်းလဲထည့်သွင်း အသုံးပြုနိုင်မယ့် Key စနစ် ၈ မျိုးရှိပါတယ်။ ရှေ့ကင်မရာဟာ Mega Pixel ကင်မရာ မဟုတ်ဘဲ Ultra Pixel ကင်မရာ ဖြစ်တဲ့ အပြင် မြင်ကွင်းကျယ် Wide Lense ကို အသုံးပြုထားပြီး အလင်းအားနည်းတဲ့ နေရာတွေမှာ Selfie ကို အကောင်းဆုံး ရိုက်နိုင်ဖို့အတွက် ကင်မရာရဲ့ အလင်းသိရှိနိုင်မှု  နည်းပညာကိုလည်း ထည့်သွင်းထား တာ တွေ့ရမှာပါ။ Themes Store ပါဝင်လာပြီး Themes တွေကို နေ့စဉ်တိုင်းပြောင်းလဲ အသုံးပြုနိုင် တဲ့အပြင်Themes တစ်ခုကို ပြောင်းလဲလိုက်တဲ့ အချိန်တိုင်းမှာ ဖုန်းတစ်ခု လုံးမှာရှိနေတဲ့ Icon တွေ အားလုံးဟာလည်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

အသေးစိတ် ဖော်ပြချက်
Quad-core 1.5 GHz Cortex-A53 & Quad-core 2 GHz Cortex A57 CPU နဲ့ Qualcomm MSM8994 Snapdragon 810 Chipset တွေကို အသုံးပြုထားတာဖြစ်ပြီး ဂရပ်ဖစ်အတွက် Adreno 430 GPU ကို ထည့်သွင်း ပေးထားပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 32GB ပါဝင်ပြီး RAM ကတော့ 3GB RAM ပါ။ မှတ်ဉာဏ်ထပ်တိုး အသုံးပြုဖို့ အတွက်လည်း Micro SD Card 128GB ထိ ထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။ နောက်ဘက် ကင်မရာကတော့ 20 Mega Pixel ကင်မရာဖြစ်ပြီး ရှေ့ကင်မရာကတော့ 2.0 Ultra Pixel Wide ကင်မရာပါ။ Android OS Version 5.0 ကိုအသုံးပြု ထားတာဖြစ်ပြီး Bluetooth v4.1, A2DP, apt-X နဲ့ microUSB v2.0 (MHL 3.0 TV-out), USB Host စနစ်တွေ ပါဝင်ပါတယ်။ ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ ဘက်ထရီဟာ Li-Po 2840 mAh ဘက်ထရီ အမျိုးအစားပါ။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ ဖုန်းတွင်းအသုံးပြု Hardware စနစ်ပိုင်းတွေနဲ့ ဖုန်းမှတ်ဉာဏ်ပိုင်း ကင်မရာ ပိုင်းတွေမှာ မြင့်မားကောင်းမွန် ပါတယ်။ ပုံစံဒီဇိုင်းနဲ့ အရောင်အသွေး လှပတဲ့အပြင် ကိုင်တွယ် အသုံးပြုချိန်မှာလည်း လက်ထဲမှာ အံဝင်ခွင်ကျ ရှိစေပါတယ်။ HTC ပရိသတ်တွေ အတွက်တော့ HTC ရဲ့ နည်းပညာသစ် တွေကို ထိတွေ့ရမယ့် ဖုန်းအမျိုးအစားဖြစ်ပြီး ဖုန်းမှာပါဝင်တဲ့ Themes Store ကြောင့် ဖုန်းအသုံးပြု မြင်ကွင်းတွေနဲ့ Icon တွေကို အမြင်ရိုးမသွားအောင် အသုံးပြုနိုင် ပါလိမ့်မယ်။ ဖုန်းရဲ့ Screen နဲ့ Hardware တွေ ကောင်းမွန်တာကြောင့် ဘက်ထရီက နည်းတယ်လို့ ခံစားရပါတယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com