5/23/2015

♪ ညစ်ညမ်း အကြောင်းအရာများ အတော်လေး ပါဝင်နေတဲ့ မြန်မာစာဖြင့် Google Search လုပ်မှုများ (ငယ်ရွယ်သူများ မဖတ်သင့်ပါ) ♫


ခေါင်းစဉ်ကြောင့် စာဖတ်သူတို့ ဇဝေဇဝါ ဖြစ်မသွားပါနဲ့။ ရေးထားတဲ့အတိုင်းပါပဲ။ သေချာ သဘောပေါက် သွားအောင် အကျယ်တဝင့် ရှင်းပြသွားပါမယ်။

Google Search မှာ မိမိရိုက်နှိပ်လိုက်တဲ့ စာလုံးအလိုက် ကြိုတင်ခန့်မှန်းပြီး ဖော်ပြပေးတဲ့ Auto Complete စနစ် ပါရှိပါတယ်။ ဥပမာအားဖြင့် “Ne” လို့ ရိုက်လိုက်တာနဲ့ Search Box ထဲမှာ “New York” ၊ “New York Times” ၊ “New Yorker” စသည်ဖြင့် Auto Complete စနစ်ကနေ ကြိုတင်ခန့်မှန်း မှုတွေ ပြုလုပ်ပေးကာ သုံးစွဲသူအတွက် ပိုမိုလွယ်ကူ အဆင်ပြေစေပါတယ်။

Auto Complete စနစ်ရဲ့ အလုပ်လုပ်ပုံက ရှင်းရှင်းလေးပါပဲ။ Support.google.com မှာ ဖော်ပြထားချက်အရ Auto Complete စနစ်က ကြိုတင်ခန့်မှန်း ဖော်ပြပေးတဲ့ အကြောင်းအရာများဟာ ကမ္ဘာတစ်ဝန်း လူအများ ရှာဖွေလေ့ရှိတဲ့ အကြောင်းအရာများနှင့် ဝက်ဘ်ဆိုဒ်များ၌ ဖော်ပြထားတဲ့ အကြောင်းအရာများကို ရှာဖွေမှု အနည်းအများအလိုက် အနီးစပ်ဆုံး ဖြစ်စေရန် စုစည်းပေးထားခြင်းပဲဖြစ် ပါတယ်။

ဒါဆိုရင် မြန်မာဘာသာနဲ့ ရှာဖွေမှုကော လုပ်လို့ရပါသလားဆိုရင် Google Search ဟာ ရှာဖွေမှုတိုင်းကို စကားလုံးအလိုက် မှတ်သားထားခြင်းကြောင့် Auto Complete က ခန့်မှန်းချက်များဟာလည်း ထိုအတိုင်း ပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။

မိမိတို့ အနေနဲ့ Auto Complete စနစ်က မြန်မာဘာသာနဲ့ အက္ခရာအလိုက် ဘယ်လို ခန့်မှန်းချက်တွေ ပေးမလဲဆိုတာ သိလိုတာနဲ့ ဇော်ဂျီဖောင့်သုံးပြီး စမ်းသပ်ကြည့်ခဲ့ရာမှာတော့ လုံးဝ မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာတွေ အများကြီး တွေ့ခဲ့ရပါတယ်။

Google ရဲ့ အဆိုအတိုင်းသာ မှန်ကန်ခဲ့ပြီး Auto Complete ရဲ့ ကြိုတင်ခန့်မှန်းချက်တွေဟာ Google Search မှာ ရှာဖွေမှုတွေနဲ့ တိုက်ရိုက်ဆက်နွယ်မှု ရှိတယ်ဆိုရင်တော့ မြန်မာဘာသာနဲ့ ရှာဖွေမှုတွေရဲ့ အများစုဟာ ညစ်ညမ်းအရာတွေ ဖြစ်နေပါတော့တယ်။

ဆောင်းပါး ရေးသားမှုအတွက် လိုအပ်တာကြောင့် အရှိကို အရှိအတိုင်း ဖော်ပြပေးလိုက်ခြင်းအား သီးခံပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။



ဥပမာအားဖြင့် Google Search ထဲမှာ -
“လ” အက္ခရာကို ရိုက်ထဲ့လိုက်ပါက Auto Complete ရဲ့ ခန့်မှန်းချက်များကတော့ မကြားဝံ့ မနာသာ ညစ်ညမ်းအရာများပဲ ဖြစ်နေပါတယ်။ ပထမ၊ ဒုတိယနဲ့ တတိယ ခန့်မှန်းချက်များမှာ လိုးကား၊ လိုး နဲ့ လိုး blogs တို့ဖြစ်ကြပြီး လူမင်း၊ လင်းလင်းနဲ့ လွင်မင်းဗိုလ်တို့က နောက်ကလိုက်နေကာ လိင်ဝတ္တုနှင့် လီး တောင် တို့လည်း ပါရှိနေပြန်ပါတယ်။

“န” အက္ခရာ ရိုက်ထည့်လိုက်လျှင်တော့ နန်းခင်ဇေယျာ၊ နန်းသီရိမောင်၊ နို့၊ နည်းပညာ၊ နီနီခင်ဇော်နဲ့ နန်းဆုရတီစိုးတို့ကို အစဉ်လိုက် ခန့်မှန်းချက် ပေးထားပါတယ်။

“ေ” ထည့်လိုက်တဲ့ အခါမှာတော့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားစေလောက်တဲ့ စောက်ဖုန် Photo ၊ အော၊ အောကားတို့က ထိပ်ဆုံး ခန့်မှန်းချက်များ ဖြစ်နေပြီး ယင်းနောက်မှာ မှ မေသက်ခိုင်၊ အေးမြတ်သူနဲ့ ပြေတီဦးတို့ကို ခန့်မှန်းပေးထားပါတယ်။

“ခ” အက္ခရာကတော့ ရိုးရိုးသာဖြစ်ပြီး ချစ်သုဝေ၊ ချစ်တယ်ဟုတ်နဲ့ ခင်မောင်တိုးတို့က ထိပ်ဆုံးခန့်မှန်းချက်များ ဖြစ်နေပါတယ်။

“ဂ” အက္ခရာကလည်း ထိုနည်းလည်းကောင်းဖြစ်ပြီး ဂျီလတ်၊ ဂျင်းနီနဲ့ ဂရေဟမ်တို့က ထိပ်ဆုံးခန့်မှန်းချက်များ ဖြစ်ပါတယ်။

“အ” အက္ခရာရဲ့ ထိပ်ဆုံး ခန့်မှန်းချက်ကတော့ အပြာကားဖြစ်ပြီး ယင်းနောက်တွင် အိချောပို၊ အိန္ဒြာကျော်ဇင်၊ အင်တာနက်ချစ်သူနဲ့ အင်္ဂလိပ် မြန်မာ တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

“ပ” အက္ခရာမှာတော့ ပပဝင်းခင်က ထိပ်ဆုံးက ရပ်တည်နေပြီး ပရိတ်ကြီး ၁၁ သုတ်က ဒုတိယလိုက်နေ ပါတယ်။

“ြ “ နဲ့ စလိုက်ရင်တော့ မြန်မာအောကားက ထိပ်ဆုံးမှာ ပေါ်လာမှာဖြစ်ပြီး မြန်မာစာတန်းထိုး Movie နဲ့ မြန်မာမလေးများက ဒုတိယနဲ့ တတိယ ခန့်မှန်းချက်များပဲ ဖြစ်နေပါတယ်။

“ဖ” အက္ခရာမှာတော့ ဖူးကား၊ ဖူးစာရှင်၊ ဖက်ထားမယ်၊ ဖိုမ၊ ဖိုးကာ၊ ဖုန်း၊ ဖာသည်၊ ဖုန်းဈေးတို့ကို ခန့်မှန်းချက်များအဖြစ် ပေးထားတာ တွေ့ခဲ့ရပါတယ်။

မိမိတို့ အနေနဲ့ Auto Complete ရဲ့ အခြား ခန့်မှန်းချက်များကိုလည်း တွေ့ရှိခဲ့ရသော်လည်း ထူးခြားတဲ့ အကြောင်းအရာများကိုသာ မျှဝေပေးလိုက်ပါတယ်။ ယခုလိုမျိုး ညစ်ညမ်းအကြောင်းအရာ ရှာဖွေမှုတွေ များပြားနေလို့ မအံ့သြလိုက်ပါနဲ့။

မြန်မာစကားနဲ့ ရှာဖွေမှုများ ပြုလုပ်တာဟာ အင်္ဂလိပ်စကားနဲ့ ရှာဖွေမှုများ ပြုလုပ်တာထက် ပိုမိုရှုပ်ထွေးသလို နိုင်ငံတကာမှာလို ဒေသအလိုက် (Location Based) ခန့်မှန်းမှုတွေလည်း ထည့်သွင်းပေး လို့ မရတာကြောင့် သုံးစွဲသူတွေရဲ့ စကားစုအလိုက် ရှာဖွေမှု အများဆုံး အကြောင်းအရာများ သာ ပေါ်နေတာဖြစ်ပါတယ်။

စာဖတ်သူတို့ အနေနဲ့ကော Google Search မှာ ဘယ်လို အကြောင်းအရာတွေ အများဆုံး ရှာဖွေမိပါသလဲ။

Myanmar Consumer Guide

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com