5/28/2015

♪ Z3+ ကို ကမ္ဘာတစ်ဝန်းထံ တင်ပို့ရောင်းချမည်ဟု Sony ကြေညာ ♫


ဧပြီလက Sony မှ မိတ်ဆက်ပေးခဲ့သည့် Sony Xperia Z4 ကို ဂျပန်နိုင်ငံတွင်သာ ရောင်းချခဲ့သော်လည်း ၎င်းနှင့် အလားတူသည့် Xperia Z3+ စမတ်ဖုန်းသစ်ကို ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချမည်ဟု ကုမ္ပဏီမှ ကြေညာခဲ့သည်။

Z3+ တွင် ၅.၂ လက်မ full HD screen နှင့် 20.7-megapixel ကင်မရာအပြင် octa-core Snapdragon 810 processor, 3GB RAM, 32GB storage နှင့် Android 5.0 ကို အသုံးပြုထားသည်။ အရှေ့ဘက်ကင်မရာက 5-megapixel ဖြစ်ပြီး 2,900mAH ဘက်ထရီဖြင့် အသုံးပြုနိုင်သည်။ ဘက်ထရီကို ၂ ရက်ခန့် အသုံးပြုနိုင်မည်ဟု Sony မှ ပြောကြားထားသည်။

Z3+ ၏ spec များသည် ဂျပန်နိုင်ငံတွင်သာ ရောင်းချခဲ့သည့် Z4 နှင့် တူညီပြီး ရေစိုဒဏ်၊ ဖုန်ဒဏ် ခံနိုင်ရည်ရှိကာ အဖြူ၊ အနက်၊ ကြေးနှင့် အစိမ်းရောင်တို့ဖြင့် ရရှိနိုင်မည် ဖြစ်သည်။

အဆိုပါ Xperia Z3+ ကို ဇွန်လတွင် ကမ္ဘာတစ်ဝန်း၌ စတင်ရောင်းချမည် ဖြစ်ပြီး တန်ဖိုးမှာ စတာလင်ပေါင် ၅၄၉ ဖြစ်ကြောင်း သိရသည်။

Ref: Mashable
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com