Facebook က Group များမှ ရောင်းချသည့် ကုန်ပစ္စည်းများကို News Feed တွင်
ပြသပြီး Public Groups ကို ရှာဖွေနိုင်သည့် စွမ်းဆောင်ချက်ကို
စမ်းသပ်နေပါသည်။
ယခုနှစ်အစောပိုင်းတွင်လည်း Facebook သည် အရောင်းအ၀ယ် Group များတွင် ကုန်ပစ္စည်းများနှင့် အတူ ဈေးနှုန်းများ၊ တည်နေရာများ၊ ဓါတ်ပုံများနှင့် အသေးစိတ် ဖော်ပြချက်များကို ထည့်သွင်းနိုင်ရန် ပြု လုပ်ပေးခဲ့ပါသည်။
“ All Sales Group “ Option အသစ်တွင် အသုံးပြုသူ၏ Group များမှ ရောင်းချထားသည့် ကုန်ပစ္စည်းများကို တစ်စုတစ်စည်းထဲ ပြသပေးမည် ဖြစ်သည်။ ထို့အပြင် သီးခြား Search Engine တစ်ခုကိုလည်း ပြုလုပ်ပေးထားပြီး Public Group များမှ ကုန်ပစ္စည်းများကို ရှာဖွေနိုင်မည် ဖြစ်ပြီး ကဏ္ဍအလိုက် Filter များဖြင့် ရှာဖွေနိုင်မည် ဖြစ်သည်။
Facebook က အဆိုပါ စွမ်းဆောင်ချက်များကို စတင်စမ်းသပ်နေပြီး လာမည့် ရက်သတ္တပတ်များတွင် တစ်ကမ္ဘာလုံးတွင် အသုံးပြုနိုင်မည်ဟု The Next Web ကရေးသားထားပါသည်။ Facebook ၏ အဆိုပါ စွမ်းဆောင်ချက်များသည် Craigslist နှင့် eBay တို့ကို ယှဉ်ပြိုင်ခြင်း ဖြစ်ပါသည်။ Facebook တွင် တိုက်ရိုက်ရောင်းဝယ်ခြင်းသည် Third-Party Website များ ကဲ့သို့ ၀န်ဆောင်ခများ ပေးရန် မလိုအပ်သည့် အားသာချက်ရှိပါသည်။
Myanmar Digital Life Journal