5/27/2015

♪ ပြည်တွင်းအတွက် HTC ၏ မော်ဒယ်သစ် စမတ်ဖုန်းနှစ်မျိုးအား မိတ်ဆက် ♫


HTC ၏ One M9 နှင့် Desire 626G+ မော်ဒယ်သစ် စမတ်ဖုန်းနှစ်မျိုးကို ပြည်တွင်း၌ ယခုလ ၂၆ ရက်က HTC မြန်မာနှင့် KMD တို့ ပူးပေါင်း၍ မိတ်ဆက်ခဲ့သည်။

အဆိုပါ မိတ်ဆက်ပွဲတွင် HTC One M9 နှင့် Desire 626G+ တို့၏ အားသာချက်များနှင့် ဖုန်းစွမ်းဆောင်ရည်များကို တာဝန်ရှိသူများမှ အသီးသီး ရှင်းလင်းပြောပြခဲ့ကြပြီး ပွဲသို့ တက်ရောက် လာသော အရောင်း ကိုယ်စားလှယ်များနှင့် ကြိုတင်မှာယူစနစ်ဖြင့် မှာယူသူများအတွက်လည်း ပရိုမိုးရှင်း အစီအစဉ်များ ပြုလုပ်ပေးခဲ့သည်။

"M9 မှာ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ဖို့အတွက် Sapphire Glass နဲ့ ဖုံးထားတဲ့ 20 MP ကင်မရာ၊ အသံပိုင်းအတွက် Surround Dolby Audio System ပါတဲ့ စပီကာစနစ်တွေ ထည့်သွင်းထားပါ တယ်။ နောက်ပြီး သုံးစွဲသူတွေ Wallpaper, icon စတဲ့ ဖုန်း Theme ကို စိတ်ကြိုက်ရွေးချယ် ပြောင်းလဲနိုင်မယ့် HTC Theme App ကိုလည်း ထပ်မံဖြည့်စွက်ထားပါတယ်။

 မြန်မာဖောင့်ကိုလည်း ဇော်ဂျီ၊ ယူနီကုဒ် ဘယ်ဖောင့်ကိုမဆို အဆင်ပြေပြေနဲ့ အလွယ်တကူ အသုံးပြုနိုင် မှာပါ။ Desire 626G+ ကတော့ SIM ကတ် နှစ်ကတ်သုံး အမျိုးအစားပါ။ ဒီဖုန်းက ပါးလွှာကျစ်လျစ်ပြီး 13MP ကင်မရာကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီမော်ဒယ် နှစ်မျိုးလုံးမှာ HTC ရဲ့ Sense စနစ်၊ Blinkfedd နဲ့ Zoe စနစ်တွေလည်း ထောက်ပံ့ ပါဝင် ပါသေးတယ်" ဟု HTC Myanmar ၏ Head of Business Development မှ ဦးကျော်သူအောင် က ပြောသည်။

HTC One M9 ကို တန်ဖိုး ၇၂ဝ,ဝဝဝ ကျပ်ဝန်းကျင်ဖြင့် လည်းကောင်း၊ Desire 626+ ကို ၂၂ဝ,ဝဝဝ ကျပ်ဝန်းကျင်ဖြင့်လည်းကောင်း HTC Showroom များတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com