5/11/2015

♪ Oppo R7 နှင့်ပတ်သက်သော တရားဝင် Specs များကို ထုတ်ပြန် ♫


ကောလဟလများနှင့် ပြည့်နှက်နေသော R7 အတွက် တရားဝင်အချက်အလက်များ အချို့ထွက်ပေါ် လာပြီးဖြစ်သည်။ ပုံများအရ ကောလဟလများထွက်ခဲ့သော display နှင့် မတူကြောင်းကို တွေ့ရသည်။

သို့သော်ပုံများမှ Concept renders ပုံများသာဖြစ်သဖြင့် လက်တွေ့ထုတ်လုပ်သည့်ပစ္စည်းနှင့် ကွဲပြား သွားနိုင်သည်။ သို့သော် R7 တွင် သတင်းများထွက်သကဲ့သို့ ကွေးနေသော ဘောင်မပါသည့် Display မပါဝင်ကြောင်း တွေ့ရသည်။ သို့ရာတွင် R7 ၌ မပါဝင်သည့်တိုင် OPPO အနေဖြင့် ဘေးဘောင်မပါသည့် bezeless phone အား အခြားအမည်ဖြင့် ထုတ်လုပ်သွားနိုင်သည်ဟု ယူဆရသည်။ OPPO R7 တွင် ပုံမှန် Display သာပါဝင်ကာ 2.5D effect ပါဝင်သည်ဟု ယူဆနိုင်သည်။

ပါးလွှာကြောင်းကို ပုံထဲတွင်မြင်နိုင်သဖြင့် နောက်ထပ်စံချိန်တင်သော ဖုန်းတစ်လုံးလည်း ဖြစ်လာနိုင်သည်။ ပါးလွှာသော ဖုန်းများတွင်တွေ့ရသကဲ့သို့ ကင်မရာအပြင်သို့ အနည်းငယ်ထွက်နေခြင်းအား မတွေ့ရ သဖြင့် ကောင်းမွန်သော ကင်မရာပါဝင်သည်ဟုယူဆနိုင်သည်။ R7 တွင် ကုမ္ပဏီ၏ VOOC Fast Charging နည်းပညာပါဝင်မည်ဟုလည်း သိရသည်။

R7 ၏ Specs နှင့် ပတ်သက်၍မူကောလဟလသတင်းများသာ ရှိနေသေးပြီး သေချာစွာမသိရသေးပေ ကြားသိရသမျှ သတင်များအရမူ R7 တွင် MediaTek MT 6795 octacore SoC နှင့် 20.7 MP ကင်မရာ တို့ပါဝင်သည် ဟုဆိုသည်။
 
Credit : Net Guide Journal
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com