
အွန်လိုင်း ငွေပေးချေမှု လုပ်ငန်း PayPal သည် မျိုးဆက်သစ် Passwords
နည်းပညာကို တီထွင်လိုက်ပြီ။ ၀ါးစားပြီး ဗိုက်ထဲ သိမ်းထားလို့ ရသော်
Passwords မျိုး ဖြစ်၏။ ဖုန်းမှာ Passwords ရိုက်ရမည့် အချိန်ရောက်လျှင်
ဗိုက်ထဲ Passwords သည် ဖုန်းထဲ အလိုလျောက် ရောက်လာမည်။ Passwords ကို
မမေ့အောင် ဦးနှောက်မှာ မှတ်ထား ရသည့် ခေတ် ကုန်တော့မည်။
Source: Daily Mail
Credit ;The Messenger News Journal
ဝါးစားလို့ရသော် Passwords ကိရိယာလေးသည် အစာအိမ်
အက်စစ်ဓာတ်ကို ဓာတ်အားအဖြစ် ပြောင်းလဲ အသုံးပြုမည်။ Passwords
ကိရိယာလေးထဲတွင် အသေးစား ကွန်ပျူတာလေးလဲ ပါဝင်လိမ့်မည်ဟု PapPal မှ
ဂျော်နသန်လီဘလန့်က ပြောသည်။
နည်းပညာသည် ရှေ့တန်း
ရောက်လွန်းသဖြင့် Passwords စက်ကလေးသည် ခန္ဓာကိုယ်နှင့် တစ်သားတည်း
ပူးပေါင်း အလုပ် လုပ်နိုင်မည်ဟု လီဘလန့်က ရှင်းပြသည်။ Passwords ရိုက်စရာ
ရှိလာသည်နှင့် သက်ဆိုင်ရာလူ၏ သွေးတွင်း သကြားဓာတ်ပါဝင်နှုန်း၊
သွေးပေါင်ချိန်နှင့် အခြား အချက်အလက်များကို ဖုန်းကဖတ်ရှု ပြီးနောက်
ဗိုက်ထဲက Passwords ကိရိယာလေးနဲ့ အလိုလျောက် ဆက်သွယ် အတည်ပြုမည် ဖြစ်သည်။
မှန်ကန်သည် ဆိုပါက Passwords သည် ဖုန်းထဲ အလိုလျောက် ၀င်သွားမည် ဖြစ်သည်။
ထိုနည်းပညာကို မည်သည့် အချိန်တွင် လက်တွေ့ ထုတ်သုံးမည် ကိုကား PapPal က အတည်ပြု ကြေညာခြင်း မရှိသေး။
Credit ;The Messenger News Journal
