5/20/2015

♪ Huawei က Honor 4C နှင့် Honor Bee တို့ကို အိန္ဒိယတွင် ရောင်းချ ♫

1

Huawei က စမတ်ဖုန်းအသစ်နှစ်လုံးဖြစ်သည့် Honor 4C နှင့် Honor Bee တို့ကို အိန္ဒိယတွင် ရောင်းချပေးလိုက်ပါသည်။ အိန္ဒိယဈေးကွက်တွင် Honor 4C သည် Huawei ၏ ဒုတိယ တန်ဖိုးအနည်းဆုံးနှင့် Honor Bee သည် တန်ဖိုးအနည်းဆုံးစမတ်ဖုန်း ဖြစ်လာပါသည်။

1

Honor 4C တွင် ငါးလက်မ 1280×720 IPS LCD, 13MP Rear Camera, 5MP Front Camera, 1.2GHz Octa-Core Processor တပ်ဆင်ထားသော 64-bit Kirin 620 SoC , 2GB RAM, 2550mAh Battery တပ်ဆင်ထားပါသည်။ Dual-SIM အသုံးပြုနိုင်ပြီး Android 4.4 KitKat နှင့် EMUI 3.0 တို့က မောင်းနှင်မည် ဖြစ်သည်။

2

Honor Bee တွင် ၄.၅ လက်မ 854×480 Display , 8MP Rear Camera , 2MP Front Camera, Quad-Core Processor, 1GB RAM, 8GB Storage , 1730mAh Battery, Android 4.4 KitKat တို့ထည့်သွင်းပေးထားပါသည်။ အနောက်ဘက်တွင် LED Flash နှစ်လုံးတပ်ဆင်ပေးထားပြီး microSD Card ထည့်သွင်းနိုင်ပါသည်။

Honor 4C ကို အိန္ဒိယ ရူပီး ၈၉၉၉ ( ဒေါ်လာ ၁၄၁) နှင့် Honor Bee ကို ရူပီး ၄၉၉၉ ( ဒေါ်လာ ၇၈) သတ်မှတ်ထားပါသည်။ ဖုန်းနှစ်လုံးစလုံးကို Flipkart မှ ရောင်းချပေးနေပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com