Facebook က Mobile App အတွက် Internal Search Engine တစ်ခုကို စမ်းသပ်နေသည်ဟု TechCrunch ကရေးသားထားပါသည်။ iOS User အနည်းငယ်သည် Update Status ရှိ Photos, Locations, Feelings များထည့်သွင်းသည့် ခလုတ်များ၏ ဘေးတွင် “ add a link “ ခလုတ်တစ်ခုကို တွေ့ရှိ ရပါသည်။
စတေးတပ်တွင် လင့်များကို ရှာဖွေထည့်သွင်းနိုင်သည့်အတွက် Facebook App မှ ထွက်ခွာ၍ အခြားဝက်ဆိုက်များတွင် လင့်များကို ရှာဖွေရသည့် အလုပ်ရှုပ်မှု ကင်းဝေးမည် ဖြစ်သည်။ Facebook က မကြာမီကလည်း ၀က်ဆိုက်များမှ Content များကို Facebook တွင် အပြည့်အစုံပြသရန် ၀က်ဆိုက်ပိုင်ရှင် များနှင့် ညှိနှိုင်းနေသည်ဟု သိရပါသည်။ ထို့အတွက် သတင်း၊ ဆောင်းပါးများကို ၀က်ဆိုက်များတွင် သွားရောက်ဖတ်ရှုရန် မလိုဘဲ Facebook တွင် အပြည့်အစုံဖတ်ရှုနိုင်မည် ဖြစ်သည်။
Facebook က စတေးတပ်တွင် လင့်များ ရှာဖွေ ထည့်သွင်းနိုင်သည့် စွမ်းဆောင်ချက်ကို မည်သည့်အချိန် တွင် ဖြန့်ချီပေးမည်ဆိုသည်ကို မသိရသေးပါ။